#Zawgyi___
~ Love Warning ~
"မင်းကို ဒါနောက်ဆုံးအကြိမ် သတိပေးခြင်းပဲ Jungkook..."
"အဟင်း...ဘာလို့တုန်း ဆရာကြီးရဲ့"
"မင်းကျောင်းက ကျောင်းသားကျောင်းသူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတာတွေလေ...မနေ့ကဆို Section D ကကျောင်းသားတစ်ယောက်ကို လှေကားပေါ်ကနေ ပြုတ်ကျအောင်လုပ်ခဲ့တယ်... ဘယ်လောက်တောင်ဆိုးဝါးလိုက်သလဲ? ကံကောင်းတာက သူ့ထိခိုက်ဒဏ်ရာ နည်းနည်းပဲရလိုက်လို့ မင်းဘာမှမဖြစ်သွားတာပဲ..မဟုတ်ရင် မင်းကျောင်းထွက်ရတော့မှာ"
"အဲ့တာ မတော်တဆသက်သက်ပဲလေ ဆရာကြီးရဲ့...ပြီးတော့ ကျွန်တော့်အဖေကလည်း ဆေးဖိုးဝါးခအပြင် ကျေအေးအောင် ပိုက်ဆံတွေပေးထားတယ်မလား အဆင်ပြေပါတယ်.."
"မင်းရန်ဖြစ်တိုင်း ငွေနဲ့လိုက်ရှင်းနေရတဲ့ မင်းအဖေ Mr.Jeon နဲ့ Mrs.Jeon ကို မသနားဘူးလား..မဖြစ်ပါဘူး တစ်ခါလောက် Mr.Jeon တို့ကို ခေါ်ပြီး ဆွေးနွေးဦးမှပါ..."
"ဆရာကြီး စိတ်မရှုပ်ချင်ရင် ကျွန်တော့်ကို ကျောင်းထုတ်လိုက်ပါလား...??ဆရာကြီးလည်း သက်သာတာပေါ့.."
"တိတ်စမ်း Jungkook...မင်းအဖေ Jeon Min Yeong နဲ့ ငါတွေ့မှဖြစ်တော့မယ်.."
ငယ်သူငယ်ချင်းရဲ့ သားဖြစ်တာကြောင့် ဘယ်လောက်ပင်ဆိုဝါးနေပါစေ ကိုယ်လည်းထိန်းကျောင်းရမယ်ဆိုတဲ့အသိက Kim Nam Joon ဆီမှာ အပြည့်ပင်...
ငယ်ငယ်တုန်းက အရမ်းလိမ္မာခဲ့တဲ့ ကလေးဖြစ်တာကြောင့် ထိန်းကျောင်းလို့ရမည်ဆိုတာကိုလည်း သူယုံသည်..ခက်တာက အဖေ အမေသည်းသည်းလှုပ်ဖြစ်သူ အမောင် Jungkook တစ်ယောက်... မိဘကလည်းတစ်ဦးတည်းသောသားကို အရမ်းအလိုလိုက်ကာ ဖြစ်သမျှငွေနှင့် လိုက်ရှင်းပေးတတ်သူတွေ...
မိဘတွေရှိတုန်း အားကိုးရှိတဲ့အလျောက်ဆိုးသွမ်းတာ အဆင်ပြေပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါ ဒီကလေးလမ်းမှားရောက်မှာကို Nam Joon မလိုလားပါ..
ထိုနည်းအတိုင်း သူ့မိဘတွေလည်း မလိုလားလောက်ဘူးအထင်နှင့်ပြောစရာရှိတာတော့ပြောရမည်....
YOU ARE READING
Love Warning...( KOOKV)
RomansaJeon Jungkook ရဲ့ warning ပေးတဲ့အထဲ မင်းပါသွားပြီပေါ့ Taehyung.... . . . . သူများတွေလိုရိုးရိုးတန်းတန်း Warning တော့မဟုတ်ဘူး..Love Warning...