Zawgyi..မနက် နေရောင်ခြည် လင်းသည်နှင့်
ဦး၏ အခန်းရှေ့သို့ ရောက်နေမိသည်
တံခါးခေါက်ရနိုးနိုး ပြန်လှည့်သွားရနိုးနိုး
"သား ဝင်ခဲ့လေ ဘာလုပ်နေတာလည်း"
ဟင် ဦးက ဒီမှာ ရှိနေတာ ဘယ်လိုလုပ်သိသွားတာလည်း
"ဦး က သားရောက်နေတာ ဘယ်လို လုပ်ရောက်နေတာလည်း"
ထို အကောင်ပေါက်ကို စချင်သည်နှင့်
"မင်း ခေါင်း က shampoo နံ့လေးက အခန်းထဲထိ မွေးနေတယ်လေ"
ဟင် ဒီနေ့ခေါင်းလည်းမလျော်ထားပဲနဲ့
"ဟင်"
"စတာပါ ဦးက ကလေး အခန်းရှေ့မှာရပ်နေတဲ့ အရိပ်ကို မြင်ရတယ်လေ စောက်ကလေးလေးရဲ့ လာအထဲကို"
Bunny တယောက် ဦးစိုင်းအခန်းသို့ရောက်သည်နှင့်
"ဦး သားဒီပေါ်မှာ လက်မှတ်ထိုးပြီးသွားပြီ သားကို အိမ်ပြန်ပို့ပေးလို့ ရပြီလား "
"အင်း ကလေးအရမ်းပြန်ချင်ရင် ကိုယ် ပြန်ပို့ပေးမယ်"
ဦးသည် ချစ်ဖို့ကောင်းပြီး စကားနားထောင်သော်လည်း
ကိုယ်ပိုင် လေယျာဉ် နဲ့ ဦးမှာ ပိုလွန်းပါသည် ထိုင်ခုံ တွေ အများကြီးရှိတာတောင် ကျွန်တော်ကို သူ့ဘေးနားမှာ အတင်းနေခိုင်းပြန်သည်
"ဦး ကျွန်တော် ခဏ အိပ်ချင်တယ်"
"အိပ်ချင်ရင် ကိုယ်ဘာလုပ်ပေးရမလည်း တခုခု ဦး စီစဉ်ပေးရမလား"
"မဟုတ်ဖူး ကျွန်တော်ခဏ ပဲအိပ်မှာ ဦးပခုံး ခဏငှား မှီပြီးအိပ်ချင်လို့"
ခဏလေးမှီအိပ်မလို့ကို အိပ်တဲ့ ဆီမရောက်တော့ဖူး ဦးရာ
"ဦး ပုခုံးကို ဘာလို့ ခဏပေးငှားရမှာလည်း မငှားပါဖူး"
"ဟင်"
"ဟုတယ်လေ ဦးရဲ့ ပခုံးက ကလေး အပိုင်ပဲလေ ငှားစရာမှ မဟုတ်တာ ယုန်ပေါက်ကလေးရဲ့ "
ဦး သည် အချိုကျွေးလွန်းသည် ထိုလူကြီးမှာ ပို လွန်းသည် ပိုကို ပိုလွန်းတယ်