Episode 1

2.2K 116 22
                                    

Unicode

" ရှောင်းကျန့် ခင်ဗျားကြီး လွန်နေပြီနော် "

မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ ရှောင်းကျန့် တို့ အရူးဇာတ်ခင်းနေပြီ။

" ကိုကို ဘာလုပ်လို့လဲ ပေါက်စ ရ "

မျက်နှာလေးက နီရဲ ကာ ပေါက်ထွက်မတတ် ဒေါသတွေဖြစ်နေတဲ့ ဝမ်ရိပေါ် ဆိုတဲ့ Omega လေးကြောင့် Alpha ကြီး ရှောင်းကျန့် တို့ အသည်းတွေ တကျိကျိ ယားနေပြီ။

အူးဝါး......

ချစ်စရာလေး...... မွ.....

နီရဲနေတဲ့ မျက်နှာလေးကို အတင်းဆွဲပြီး နှုတ်ခမ်းလေးကို ဖိကပ်ကာနမ်းလိုက်သည်။

" ခင်ဗျား ဖယ်စမ်း ညတိုင်းနီးပါး တူတူနေရင်းကနေ ဗိုက်ကြီး ထပ်ပူလာရင် ဘယ်လိုလုပ်မလဲ နှာဘူးကြီး ရဲ့ "

ရှောင်းကျန့် လူယုတ်မာ အပြုံးလေးနဲ့

" ဟင်း ဟင်း ညက ကိုကို ရယ် လုပ်ပေးပါပြောတာ ဘယ်သူလဲ "

ကျောပေါ်ရောက်လာတဲ့ လက်ဝါးကြီး

" အား..... နာတယ် ပေါက်စ ရဲ့ "

" ညက အရက်တွေသောက်ပြီး ဟော်မုန်းတွေထုတ်တာ ဘယ်သူလဲ "

ကျောပေါ်ကို တဘုန်းဘုန်း နဲ့ ကျရောက်လာတဲ့ ချစ်ရသူရဲ့ လက်ဝါးနုနုလေးကြောင့် ရှောင်းကျန့် တို့ ရယ်မောရင်း ပျော်စရာမနက်ခင်းလေးကို အစပြုခဲ့တော့သည်......

" ရိပေါ်........ ဝမ်ရိပေါ်......  ကျွန်တော်လာတယ်..."

အိမ်အောက်မှ အသံဆာဆာလေးကို ရှောင်းကျန့် ကြားလိုက်သည်။
အိမ်အောက်ကို အလျှင်အမြန်ပြေးဆင်းလိုက်မိ၏။

" ကျိူးချန် လာလေ.... မင်းအစ်ကို ရိပေါ် က ရေချိုးနေတယ်...."

" ဟုတ်... ဒါနဲ့လေ ရင်း နဲ့ ဟန် က အမေနဲ့ဘဲ နေချင်သေးတယ် ဆိုလို့ ထားခဲ့ရတယ် "

ရှောင်းကျန့် မျက်နှာအနည်းငယ် ဝင့်ကာ...

" ကောင်းတာပေါ့... ရိပေါ်နဲ့ လွတ်လွတ်လပ်လပ် နေလို့ရပြီ "

ကျိုးချန် က မနိုင်ဘူး ဆိုတဲ့အမူအရာ နဲ့ ဧည့်ခန်းမှာ TV ထိုင်ကြည့်နေတော့သည်။

Remember that I Love YouWhere stories live. Discover now