Episode 3

828 86 5
                                    

Unicode

" အင့်..... ဟင့်....... လွှတ်...  ခင်ဗျား မထိနဲ့...."

" Ahh..... ဒီကောင် တော်တော် နားငြီးတာဘဲ...အဲ့ကောင် ပါးစပ်ကို ပိတ်ထားလိုက်စမ်း......"

ကျိုးချန် ရဲ့ လက်တွေကို ချုပ်ထားတဲ့လူက ပါးစပ်ကို လက်နဲ့ အတင်းဖိပိတ်သည်။

အပြင်မှာ အရိပ်အခြေကြည့်နေတဲ့ ကျန်တစ်ယောက်က..

" ဟေ့လူ တွေ ဟိုမှာ ကင်းလှည့်တွေလာပြီ..."

ဂျွတ်....... အား.......

" ခွေးကောင် မင်းက ကိုက်တယ်ပေါ့.......... ဖြောင်း......"

ပါးစပ်ကို ပိတ်ထားတဲ့လက်ကို ကျိုးချန် အားနဲ့ကိုက်ပစ်လိုက်တော့သည်....
အပေါ်ကနေ ခွထားတဲ့လူက ကျိုးချန် ကို ပါးဖြတ်ရိုက်လိုက်၏။

ကျိုးချန် ကို အကျီ ကြယ်သီးတွေဆွဲဖြုတ်ပြီး

ပြားကပ်ကပ် ရင်အုံသေးသေးလေးကို ဖစ်ညှစ်လေသည်။

" ဟေ့ ဟေ့ ဟိုမှာ ကင်းလှည့်ရဲတွေ.... ပြေးမယ် ပြေးမယ် အဲ့ကောင် ကို ထားခဲ့တော့...."

" မပြေးနဲ့.....  ရပ်ကြ.....  "

ရဲ နှစ်ယောက်က လူယုတ်မာ သုံးယောက်ကို အပြေးလိုက်ဖမ်းလေတော့သည်။

ရဲ တွေလာပြီ ဆိုသော အသံကို ကျိုးချန် ကြားလိုက်ရသော်လဲ.....

အမှောင်ထုကသာ အသိစိတ်ကို ထုံလွှမ်းလျှက်..

.....








" အမှုဖွင့်ချင်လား.....ဒါပင်မယ့် သူတို့က အရင်တုန်းက ပြစ်မှုရှိဖူးတဲ့သူတွေဆိုတော့ ဥပဒေ အရတော့ အရေးယူသွားမှာပါ "

လူနာကုတင်ပေါ်မှာ ဘေးတစောင်းလေး လှဲနေတဲ့ ကျိုးချန် ကို အမေဖြစ်သူက ဝမ်းနည်းစွာကြည့်နေမိ၏။

" ကာယကံရှင် နိုးလာမှ ကျွန်မဆက်သွယ်ပါ့မယ် သူလေး ဆုံးဖြတ်ပါစေ... "

မူခင်းရဲ အချို့လဲ.... ကျိုးချန် အမေ ဖြစ်သူစကားလို့ လက်ခံလိုက်ပြီး ဖုန်းနံပါတ် ထားခဲ့ကာ ထွက်သွားကြတော့သည်။

" ရိပေါ် အရမ်းလဲ စိတ်မကောင်းမဖြစ်ပါနဲ့
ကျိူးကျိူး ဘာဒဏ်ရာမှ မဖြစ်ပါဘူး အကုန်ဆေးစစ်ထားတယ် "

Remember that I Love YouWhere stories live. Discover now