Unicode
အစ်ကို က ကျွန်တော် ငေးကြည့်ရုံဘဲ တတ်နိုင်တဲ့ Brand New တစ်ခုပေါ့.....
ချစ်ရမယ့် သူကို ပိုင်ဆိုင်ရတော့မယ် ဆိုတော့လဲ..
သူလဲပျော်နေရှာမှာပါလေ.....ကျုးစန့်ကျင် မင်းအရမ်းကံကောင်းတယ်......
အစ်ကို က မင်းကြောင့်ပျော်ရမှာ ငါယုံတယ်......
" ရှောင်းကျန့် အနံ့တစ်ခုခု ရလား...."
ဟွိုက်ခွမ်း ကမေးတော့ ရှောင်းကျန့် က အူကြောင်ကြောင်နဲ့ နှာခေါင်းပွစိ ပွစိ လုပ်ကာ....
အနံ့ခံသည်..." ဘာနံ့ မှ မရပါဘူး....ဘာဖြစ်လို့လဲ..."
" လိမ္မော် အနံ့သင်းသင်းလေး ရလိုက်လို့ ခေါင်းကြည်ပြီး စိတ်အေးသွားတယ် အဲ့တာကြောင့်မေးကြည့်တာ..."
ကျွန်တော် လဲ ရမ်းယောင်ပြီး အနံ့ခံကြည့်တယ်။
ဘာအနံ့ မှ မရ...အစ်ကို က စိတ်မကြည်ဘူး ဆိုတာ သိသာတယ်။
ပြုံးသယောင်ယောင် အစ်ကို့ နှုတ်ခမ်းပါးလေး က တင်းတင်းစေ့ လို့.....အစ်ကို တို့ မိသားစု ကလက်ထပ်ပွဲကို လက်မခံတဲ့ အခြေအနေတစ်ရပ်မှာ.....
သို့သော်.... အစ်ကို
လက်ခံလာအောင် ကြိုးစားနေတဲ့ ပုံရိပ်လေးက
ကျွန်တော့ မျှော်လင့်ချက်လေးကို မဲ့ေစပြန်ပြီ ။အစ်ကို က အစွဲအလန်းကြီးသူတစ်ယောက်ေပါ့။
သို့သော် ဘယ်ကမှန်းမသိတဲ့ အနံ့အသက်လေးတစ်ခုက အစ်ကို့ ကို စိတ်ကြည်စေတယ် ဆိုတော့
ကျွန်တော် ပျော်မိတယ်.....မပိုင်ရပင်မယ့် လောဘလေးတော့ တတ်လို့ရတယ်မလား....
အစ်ကို့ ဘေးမှာ အနံ့လေးတစ်ခု ကျွန်တော်ဖြစ်ချင်တယ်.......
" ကိုကို ညစာ စားရအောင်လေနော်...."
ဒီညကျမှ ရိပေါ် နဲ့ စန့်ကျင် က အလှခြင်းပြိုင်နေသလို တမူထူးခြားနေပြန်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့် အစ်ကို ရိပေါ် က ပိုချောတယ်.....
" ဝါး...... ပါးပါး.... ဒယ်ဒီ..... "
အိပ်ချင်မူးတူး နဲ့ထွက်လာတဲ့ တူနှစ်ယောက်ကို
ကြည့်မိရင်း ကျွန်တော် သဘောကျမိသည်။
YOU ARE READING
Remember that I Love You