ရင်နင့်အမျှ (3)

519 35 0
                                    

💗💗 ရင်နင့်အမျှ 💗💗 (3)

လှပတဲ့ ခြံဝင်းထဲကားလေးဝင်လိုက်တာနဲ့မြင်လိုက်ရတဲ့အိမ်လေးက သူနဲ့အစိမ်းသက်သက်နေချင်စဖွယ် အိမ်က သူအတွက်တော့ နွေးထွေးမူကင်းမဲ့၍ နေသည်
အိမ် ဆင်ဝင်အောက် ကားရပ်လိုက်သည်နင့် သူကားတံခါးဖွင့်ဆင်းလိုက်တယ်.......

"သခင်လေး အိမ်ထဲမှ သူဌေး စောင့်နေတယ် ဝင်သွားလိုက်ပါ" အတွင်းရေးမွူး ဦး ရဲ့စကားကြောင့် သူ အိမ်ထဲဝင်လိုက်တာနဲ့ ဧည်ခန်းဆိုဖောပေါ်မှ ထိုင်နေတဲ့ ပါးနဲ့အတူ အမျိုးသမီးတစ်ယောက်ပါမြင်ရသည် ...........

" ပါး ကျွန်တော် ပြန်ရောက်ပြီ

"ဟော ရောက်ပြီ လား သား လာထိုင် " ပါးစကား အဆုံးသူ ပါးနင့်မျက်နာချင်းဆိုင် ဆိုဖောပေါ်ထိုင်လိုက်သည်.........

"သားကိုမိတ်ဆက်ပေးရအုံမယ် ဒါသားမားဖြစ်လာမဲ့သူ " သူရင်ထဲ စူးခနဲနာကျင်သွားပေမယ့် ပါးအနားက အမျိုးသမီးကို တစ်ချက်လှည့်ကြည့်ပြီ ဘာမှမပြောပဲနေလိုက်သည်

"မိန်ဒါကိုယ်သား ဝမ်ရိပေါ် သူက ငံနိုင်ခြားမှကျောင်းတက်နေတာ "

"မောင်သားလေးကအချောလေးပဲ ဒါနဲ့သားမျက်နာဘာဖြစ်တာလဲ" နွေးထွေးတဲ့အသံနင့်မေးလာတဲ့ အမျိုးသမီးကြောင့် သူစိတ်ထဲ မှအပိုတွေလို တွေးမိသည်......

"ဟုတ်သားပဲ သား ဘာဖြစ်လာတာလဲ "

"ဘာမှမဖြစ်ပါဘူးပါးပါး လေဆိပ်မှာတံခါးနဲ့တိုက်မိလိုပါ " ပါးအမေးကိုတော့သူဖြေလိုက်သည်........

" ပါးပြောစရာမရှိရင် သားပြန်တော့မယ်" ပြောပြီတာနဲ့ထရပ်လိုက်တယ

"ဘယ်ပြန်မှလဲ သား အခုအိမ်ကသားအိမ်ဖြစ်နေပြီ"

"ဗျာ ပါး သား ဒီမှာနေရမှ ဟုတ်လား "သူ အံအားသင့်သွားရပြီ သူကိုလဲ ဘာမှလဲကြိုမပြောထားတာကြောင့် ပါ

"ဟုတ်တယ်သား ရယ် အန်တီက အားလုံးပြင်ဆင်ထားပြီပြီ သားနေရမဲ့အခန်းလဲပြင်ထားပြီ" သူမ အမျိုးသား ကိုယ်စား ဝင်ဖြေပေးလိုက်သည်.........

"မိန်ကလဲ ဘာလိုအန်တီသုံးတာလဲ မားလို သုံးပါ"

"မောင်ကလဲ သားအတွက်အချိန် လိုအပ်မှ ပေါ့ ဟုတ်တယ် မလားသား "သူအား နွေးထွေး ကြင်နာတဲ့အကြည့်နဲ့ မေးလာတဲ့ သူမကြောင့် သူခေါင်းညိက်ပြလိုက်သည်............

"ကဲသား ပင်ပန်းလာရောပေါ့ သားနေရမဲ့အခန်းလိုက်ပြပေးမယ် "သူမ နေရာကထရပ်ပြီထွက်လာခဲ့သည်နောက်ကနေလိုက်လာတဲ့ ဝမ်ရိပေါ် က စိတ်တွေရူပ်နေသည်............နေရမဲ့အခန်းကိုရောက်တော့ အကဲခတ်ကြည့်မိတော့သူအခန်းနင့်မျက်နာချင်းဆိုင်အခန်းတစ်ခန်းပါတွေ့ရသည်........

"ဘယ်လိုလဲသားကြိုက်ရဲ့ လား"သူခေါင်းကိုသာညိတ်ပြလိုက်တယ်

" ဟိုဘက် အခန်းက အန်တီ သားကျန့်ကျန်အခန်းအခုတော့သူမရှိဘူး " နေရာတကျ ချပေးရင် ပြောလိုက်စကားတွေကိုငြိမ်၍သာ နားတောင်လိုက်သည်

"ကဲသားနားလိုက်အုံး အန်တီသွားလိုက်အုံးမယ်

"ဟုတ်"မလွဲသာလိုသာ ပြန်ပြောလိုက်သည်.........
သို့နောက် သူအိပ်ယာပေါ် လဲကျရင် အတွေးပေါင်း စုံနင့် အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားသည်

💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗
"ဟူး" တစ်နေလုံး အပြင်မှ စိတ်တိုခဲ့သမျှ အိမ်ရောက်လာတော့လဲ စိတ်မောလူမော အခန်းထဲဝင်၍ အိပ်ယာပေါ် ခြေပစ်လက်ပစ် လဲချပြီ လေပူများ မူတ်ထုက်လိုက်သည်.........သို့စဉ်

" ခေါက်ခေါက် ကျန့်ကျန် မားဝင်ခဲ့မယ်နော်" မားအသံကြားတော့ သူလူးလဲထထိုင်လိုက်ပြီ

"ဟုတ် မား "သူတုံပြန်သံကြောင့် မားဝင်လာပြီသူအနားဝင်၍ ထိုင်လိုက်တဲ့ မားကိုကြည့်၍

"ဘာကိစ္စရှိလို့လဲ မား"

"သားရယ် မားက သားကိုကိစ္စရှိမှတွေ့ရမှလား "စိတ်မကောင်းဖြစ်မိသွားသည် သူမ နောက်အိပ်တောင်ပြုလိုက်တာသားရင်မှမကျေနပ်ဖြစ်တာ သူမသိတယ်......သို့ပေမယ့် နောက်ဆုက်လိုမရတော့တဲ့အခြေအနေတွေကိုသားကိုမသိစေချင်ပါ...................

"မဟုတ်ပါဘူး မား "မားမျက်နာညိုးသွားတာကိုမြင်တော့သူရင်မှမကောင်းပါ

"ကဲ ပါသားရယ် မား ပြောစရာလဲရှိလိုပါ"

"ဘာလဲမား"

" အခုအိမ်မှ သားရဲ့ဦးရဲ့ သားရောက်နေပြီ"

"ဘယ်လိုမား သူသားပါ အိမ်မှနေတာလား" သူ အော်မိသလိုဖြစ်သွားသည်.... ..

"သူက မနေချင်ပါဘူး မား ခေါ်နေတာပါ "မားစကားကြောင့်သူစိတ်ပျက်သွားသည် အဖေနဲ့သင့်မလုံလောက်လို သားပါခေါ်နေရသလားမားရာ သားကို အသေသက်လိုက်ပါတော့လား.....သူစိတ်ထဲတွင်းပြောမိသည်.....

"သားနားတော့ မားလဲ အိပ်တော့မယ် " သူမပြောပြီ သားဖြစ်သူနှဖူးကို အနမ်းတချက်ပေးပြီထွက်လာခဲ့တယ်........

"ကျစ်......"စိတ်ပျက်ခြင်းများစွာနဲ့ အနားမှ ရှိတဲ့ ပစ္စည်းတွေ ပစ်ပေါက်၍ ဒေါသထွက်တွေပေါက်ကွဲနေတဲ့ ရှောင်ကျန့်.............

ရင်နင့်အမျှ Zawgyi(Complete)Where stories live. Discover now