ရင်နင့်အမျှ (15)

317 26 0
                                    

💗💗 ရင်နင့်အမျှ 💗💗(15)

ဆိုင်အတွင်းမှဘယ်လိုဖြစ်ကျန်ခဲ့လဲသူမသိပါ
အပြင်ရောက်တာနဲ့

"အားကျန့် ဘာလိုတိုးလိုက်တာလဲ အားနာစရာ ကြီး"

" ငါစိတ်မထိန်းဖြစ်သွားတာ"

"ဖြစ်ရမယ် အားကျန့် ရယ် ကလေးကနင်ကိုချစ်နေတာလေ "

"ချင်အာနော်.........."

"ခစ်ခစ်" သူမရယ်လိုက်သည် ဟုတ်ပါတယ်သူမ က ရှောင်ကျန့်ရဲ့အစ်မ ဝမ်းကွဲပါ သို့ပေမယ့် အသက်မကွာလှသဖြင့် သူငယ်ချင်းလိုပေါင်းကြတာပါ အခုလဲသူမ ပြန်ရောက်လာတာမို့ အတူတွေ့ရင် ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေး နဲ့ဆုံသွားရင် အခုလိုဖြစ်သွားတာပါ...

"ရယ်နေ "

"အားကျန့် နင်စိတ်ကိုလျော့ပါ အစောက နင်လုပ်လိုက်တာ ကလေး ဘယ်လောက်နာကျင်သွားမလဲစဉ်စား"

" ချင်ချင် နင် နော် အခုမှတွေ့တဲ့ကောင်ကို ရှေ့နေ လုပ်ပေးနေတာလား"

"မဟုတ်ပါဘူး ငါပြောတာ နင်တွေးကြည့် လူတွေအများကြီးရှေ့မှ အတိုးခံရတဲ့အပြင် စော်ကားခံလိုက်ရတာလေ"
ချင်ချင်စကားကြောင့် ရှောင်ကျန့် ငြိမ်သွားသည်.........သူလုပ်ခဲ့တာမှားပြီလား ဘာပဲဖြစ်ဖြစ် သူအနားမှကော်လိုကပ်နေတဲ့ ကောင်လေးကြောင့်စိတ်ရူပ်ရခြင်းထက် ဝေခွဲမရတဲ့အတွေးတွေပြည့်နေတာ ပို၍ အားရုံစားသည်.......ချင်အား သူ​ပြောလိုက်တဲ့စကားကြောင့်ငြိမ်သက်သွားသူမမောင်ဖြစ်သူကိုကြည့် ၍ပြုံးလိုက်မိတယ် သူမ သိလိုက်ရတာ ရှောင်ကျန့်သူစိတ်ကိုသူသေချာမသိဖြစ်နေတာပါ ..........

"အားကျန့်"

"ပြောလေ ချင်ချင်"

"နင် သူကိုမုန်းနေတာလား" ရှောင်ကျန့်ငြိမ်သက်သွားတယ် ဝမ်ရိပေါ် အပေါ် မုန်းလားဆိုတာ သူ တွေးကြည့်ရုံနဲ့သင့်အဖြေပေါ်သည်

"ဖြေလေ "

"ဟင့်အင်း မမုန်းပါဘူး "

" ဒါဆို ချစ်လား "

"ချင်ချင်.................နင်နော်"

"အော်လိုက်တာ အားကျန့် ရယ် ငါနားမကန်းသေးဘူး ဖြည်းဖြည်း ပြောပါ"

ရင်နင့်အမျှ Zawgyi(Complete)Where stories live. Discover now