#Minseokkie
သူများတွေအတွက်လေ့လာရေးခရီးကဘယ်လိုလည်းမသိပေမယ့်
ကျွန်တော်တို့၃ယောက်အတွက်ကတော့ အပျော်ခရီးထွက်ရသလိုပဲ
စားချင်တာစားရတယ် လိုချင်တာလည်းချက်ချင်းရတယ် လမ်းလျှောက်လို့ညောင်းရင်လည်း လူကြီးတို့ကကျောပိုးပေးတယ်
ဟဲဟဲ ကျွန်တော်တို့ဘဝက လက်ညိုးထိုးရာ ရွှေဖြစ်နေသလိုပေါ့
Sam >> ကလေးတို့ ဒီနေ့တော့ ဒီလောက်ပဲ ညကျရင် မီးပုံပွဲရှိတယ် အားလုံး၈နာရီလူစုကျမယ်နော်
All Students >> Nae!!!! Sam!!!
အားလုံးအခန်းကိုယ်စီအသီးသီးဝင်ကာအနားယူလိုက်ကာ ညအတွက်ပြင်ဆင်လိုက်ကျသည်။
Se >> မင် ဘောင်းဘီကအရမ်းတိုလွန်းမနေဘူးလား
Min >> huh? တိုနေတာလား
Se >> Omm အခြားဟာ ဝတ်
Min >> ဟုတ်
မင်ဆော့နောက်တထည်လဲဝတ်ကာထွက်လာတော့လည်း
Se >> ဟာာ ဒါလည်းတိုတယ် ညဆိုပင်လယ်ဘက်ကလေအရမ်းတိုက်တာ ဖျားမယ်နော် လဲလိုက်အုန်း
Min >> ဟုတ်လား
မင်ဆော့ ခဏခဏ လဲဝတ်ရတာများလာတော့ နောက်ဆုံးဝတ်စရာမရှိတော့ပေ။
Se >> မရှိတော့ဘူးလား
Min >> Omm ဘောင်းဘီကလဲစရာမရှိတော့ဘူး
Se >> ဒါဆို ခဏစောင့် ကိုယ်သွားဝယ်လိုက်မယ်
Min >> ဟုတ်
Hotel အပြင်ဘက်အရောက်
JI >> Sehun!
Yeol >> JongIn!
Se >> မင်းတို့ဘယ်သွားမလို့လဲ
JI,Yeol >> ဘောင်းဘီသွားဝယ်မလို့
Se >> မင်းတို့ကလေးတွေအတွက်လား
JI,Yeol >> ဟုတ်တယ်
Se >> ငါရောပဲ တူတူသွားမယ်
JI,Yeol >> arrasaw
ဟိုတယ်အခန်းထဲက ကလေး၃ယောက်မှာတော့ ဘာမှမသိရှာပဲ အခန်းထဲတွင် အူကြောင်ကြောင်လေးတွေနဲ့စောင့်နေလေသည်။