€p : 3

1.2K 77 2
                                    

''FROZEN FLAME''

€p : 3

•••••••••••••••••••••••••••••••••••••••••••••

Chanyeol စာအုပ်လေးကို အခန်းထဲထားပြီး Kris ကိုအမှီ ထမင်းစားဆောင်ကို ပြေးလာခဲ့တယ်

းး မင်းသား ! အရေးပေါ် အစည်းအဝေး အရမ်း အရေးကြီးနေလို့ အခုလာပေးပါးး ဆိုပြီး အမတ်တစ်ယောက် Kris ဆီအပြေးအလွှားရောက်လာတယ်

Kris လည်း ဘာမှ ပြန်မပြောနိုင်ဘဲ အဲ့အမတ်နောက်ကို အရေးကြီးသုတ်ဖျာ လိုက်သွားရရှာတယ်

Chanyeol မြင်ကွင်းထဲမှာ . . Kris သူဆီ အပြေးအလွှားလာနေတယ် ''အ'' Kris သူ့ ဆီလာတာမဟုတ်ဘဲ ဝင်တိုက်သွားတယ် . . . ဝင်တိုက်သွားပြီး လှည့်ကြည့်ဖော်တောင်မရဘူး

Kris ကိုကြည့်ရတာ တော်တော်အရေးကြီးနေပုံရတယ်

းး ဘာကိစ္စများလဲ ??းး

Chanyeol Kris အနောက်က အသာလိုက်သွားပြီး Kris ဝင်သွားတဲ့ အစည်းအဝေးခန်းမ ကြီးရဲ့ ပိတ်ထားတဲ့ တံခါးမကြီး ဘေးမှာ Kris ပြန်မထွက်မလာချင်း ထိုင်စောင့်နေမိတယ် . . .

----

းး မင်းသား နိုင်ငံအတွင်းမှာ သီးနှံတွေ အထွက်နည်း မိုးကခေါင်ပြီး အသားငါးတွေ သိသိသာသာရှားပါးလာပါတယ် . . ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်တော်တို့ အားလုံး ငတ်မွတ်ပြီး သေကုန်တော့မှာပါ မင်းသား !းး

Kris ကဒီစကားကြားတော့းး ဒီတော့ အမတ်ကြီးတို့ ကကျွန်တော့ကို ဘာလုပ်စေချင်တာလဲ ? ကျွန်တော်လည်း နန်းတော်ထဲက အသားငါးသီးနှံတွေကို ပြည်သူတွေအတွက်ထုတ်ပေးရုံအပြင်ကျန်တာ ဘာမှ မလုပ်ပေးနိုင်ဘူး . . ဒီတော့ နန်းတော်ထဲက အသားငါးတွေပြည်သူတွေကို ဝေငှလိုက်ပါးး

းး မင်းသား ဒီလို ဝေငှတော့ရော . . ဘယ်လောက်ကြာကြာခံနိုင်မှာမို့ လို့ လဲ ဒီနည်းလမ်း အပြင် အခြားနည်းလမ်းတစ်ခုခု တော့ စဉ်းစားသင့်ပါပြီးး

းး ကဲပြောကြပါဦး အခြားဘာနည်းလမ်းများ ရှိကြတာလဲ?းး လို့  Kris ကပြောလိုက်တော့ အမတ်တစ်ယောက်ကကြားဖြတ်ပြီး ဝင်ပြောလိုက်တယ်

FROZEN FLAMEWhere stories live. Discover now