€p : 1

2.4K 107 0
                                    

''FROZEN FLAME''

€p : 1

အနောက်တိုင်းပုံစံမို့ဖတ်ရတာအဆင်မပြေရင်ပြောကြပါ ဆက်မရေးပါဘူး

Fic အသစ်မို့ feedback လေးများ မစ ကြပါဗျ !

•••••••••••••••••••••••••••••••••••••••••••

Kris's pov - စစ်ပွဲ တဲ့ လူတိုင်းကြားဖူးကြတဲ့ စကားလုံးလေး ၂လုံးပါ အဓိပ္ပာယ်ကတော့ အားလုံးသိကြတဲ့ အတိုင်း သိပ်ကို ကြောက်စရာကောင်းပြီး လူ့ အသက်ပေါင်းများစွာ ကို လွယ်လွယ်ကူကူ နုတ်ယူနိုင်တယ်လေ

အခု ဒီနိုင်ငံကပြည်သူတွေ မကြာခင် အစာရေစာ ပြက်လပ်ရမယ့်ကိန်းရောက်နေပြီ အဲ့ဒီ စစ်ပွဲ ဆိုတာကြောင့်ပါဘဲ . . .

အိမ်ရှေ့စံမင်းသား ပီပီ ကျွန်တော်လည်း ဒီစစ်ပွဲကြီးကို ပြီးဆုံးသွားအောင် ကျရောက်နေတဲ့ ကပ်ဘေး ကအမြန်ကင်းလွတ်သွားအောင် ကြိုးစားကြည့်ချင်တယ် ဒါပေမယ့် အခွင့်ရေးမပေးခဲ့ဘူး

လူတကာရဲ့ ရုပ်သေးရုပ်လိုမျိုးဘဝ နဲ့ မွေးလာကတည်းကနေခဲ့ရတယ်

အခုလည်း . . . .

ချစ်ကြည်ရေးဆိုတဲ့ 

ခေါင်းစဉ်တစ်ခုအောက်မှာ ကျွန်တော်တို့ နိုင်ငံကို တစ်ဖက်နိုင်ငံက ချစ်ကြည်ရေးအဖြစ် ဒီနိုင်ငံသား အဖြစ်ခံယူပြီး ကျွန်တော့ ဘေးမှာ အမြဲနေပေးမယ့် သူတစ်ယောက်ကို ဆက်သပါ့မယ်တဲ့ . . .

သူကရော . . . ခုဖြစ်နေတဲ့ ကပ်ဆိုး ဖြစ်ရပ်ဆိုးတွေကို တားနိုင်ပါ့မလား  ??

သူ . . . သိပ်လှတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ကောင်းဖြစ်မယ် . . .

xxxx

ထန်နိုင်ငံ ဟာ ကိုမိုနိုင်ငံနဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက တက်သမျှ မင်းအဆက်ဆက် စစ်ပွဲဖြစ်ခဲ့ကြတာပေါ့ ဒါပေမယ့် အခု စိုးစံနေကြတဲ့ မင်းဆက်တွေလက်ထက်မှာ အကြောင်းအရာ တစ်ခုကို တူညီစွာ တွေ့ရှိခဲ့ကြတာ မကြာသေးပါဘူး

အဲ့ဒါက ကျိန်စာ ဆိုတဲ့အရာပါဘဲ

ကျိန်စာ ?? ဟုတ်ပါတယ် ဒါ လက်ခံနိုင်စရာ အကြောင်းမရှိဘူး . . . ဒါပေမယ့် ဘယ်သူမှ မလှန်ကြည့်ဖြစ်ခဲ့ကြတဲ့ နန်းတွင်း ရာဇဝင် စာအုပ်စဉ် ၆၁၀၀ မှာ ကျိန်စာ တိုက်ခဲ့တာ အမှန်ပါ

FROZEN FLAMEWhere stories live. Discover now