လမ်းထောင့်ချိုးရဲ့အစွန်ဆုံးမှာနှစ်ထပ်အိမ်ထီးထီး
ကြီးတစ်လုံးကတခြားဘယ်အိမ်နဲ့မှရောထွေးနေဟန်မရှိဘူးဒါကိုတစ်ချက်ကြည့်ရုံနဲ့တသီးတသန့်ဆန်လွန်းမှန်း
သိသာတယ်ပန်းခြံလှလှတွေမရှိဘူး အိမ်မွေးခွေးတွေမရှိဘူး
အလှဆင်ထားတဲ့ရေပန်းတွေမရှိဘူးအညှိုရောင်မှိုင်းမိုင်းကိုမီးခိုးရောင်နဲ့စပ်ပီးအရောင်
ခြယ်ထားတဲ့နှစ်ထပ်အိမ်ကသူ့အိမ်အိမ်လို့ပြောရမလားသူကြားဖူးတယ်အိမ်ဆိုတာ
မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းရှိရတယ်တဲ့ ဒါဆိုဒီအ
ဆောက်အအုံကအိမ်မဟုတ်တာလည်းဖြစ်နိုင်တယ်ဒါပေမယ့်သူ့ကိုလက်ခံပေးနိုင်မှာလည်းဒီအဆောက်အအုံပဲရှိပြန်တယ်
အဲ့ဒါကြောင့်ဒီနေရာကပဲသူ့အိမ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
" Tracer 85 "
ဒါကလူတကာမြင်နိုင်တဲ့သူ့ဘက်ခြမ်း နှစ်ကုန်ပွဲစဉ်
တိုင်းရဲ့ နံပါတ် ၁ နေရာမှာသူ့နမည်ကိုမြင်ရလိမ့်မယ်ဝမ်ရိပေါ်ကသူ့ရဲ့ဒီဘက်ခြမ်းကိုအထိခိုက်မခံဘူး
ကြိုးစားတယ် ကြိုးစားလွန်းတယ် သူကိုယ်သူဂုဏ်ယူရတဲ့ထိသူကနေတယ်ပုံမှန် idol တစ်ယောက်ရဲ့ကျော်ကြားမှုကိုသူက
အသာလေးကျော်နိုင်တယ် သူ့အောင်မြင်မှုတွေကို
သိချင်ရင်ဝမ်ရိပေါ် ဆိုတဲ့နမည်သုံးလုံးကို googleခေါက်ရုံပါပဲမရေမတွက်နိုင်တဲ့ပွဲပေါင်းများစွာမှာသူနိုင်ခဲ့တဲ့ဆုတွေတစ်သီကြီးကျလာလိမ့်မယ်
ဒီလိုအောင်မြင်မှု ဒီလိုရုပ်ရည် ဒီလိုပြည့်စုံမှုတွေက
ဝမ်ရိပေါ်ဆိုတဲ့သူ့ဆီမှာပဲရှိတယ်ဒါပေမယ့်သူ့profileကိုမြေလှန်ရှာရင်တောင်သူ့
ဂုဏ်ပုဒ်တွေနဲ့အတူ မွေးနေ့နဲ့အရပ်
ကလွဲရင်ကျန်တာဘာမှထွက်လာမှာတော့မဟုတ်ဘူးဒါကသူ့ရဲ့နောက်တစ်ခြမ်း
ဝမ်ရိပေါ်ရဲ့မိဘတွေကဘယ်သူဖြစ်တယ် ဘယ်မှာနေတယ်ဆိုတာမျိုးဘယ်သူမှမသိကြဘူး ယုတ်စွအဆုံးသူဘယ်မှာနေလဲဆိုတာတောင်မသိရ
အောင်ဝမ်ရိပေါ်ကကိုယ်ဖျောက်ထားတတ်တယ်
YOU ARE READING
Tracer 85 's Purple Diary (Completed)
Fanfictionခရမ်းရောင်ဒိုင်ယာရီလှလှလေးကိုဖတ်ကြည့်ကြ မလား တစ်ကယ်ရောဒိုင်ယာရီတွေတိုင်းကလှပတတ်သလား အညိုရောင်ဒိုင်ယာရီတွေရောရှိတတ်သလား ငါကတော့မင်းရဲ့ခရမ်းရောင်လေးပဲဖြစ်ချင်တယ် မင်းရင်ခွင်ထဲမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့မင်းအတွက်ပဲ ဖြစ်တည်မယ့်မင်းရဲ့ခရမ်းရောင်ဒိုင်ယာ...