Ep 5

14.8K 1.9K 15
                                    

အဲ့နေ့ပီးတော့ ရိပေါ်က ရှောင်ကျန့်ကိုမမြင်ရတော့ဘူး

အရင်ကဆိုခြံထဲမှာတွေ့ရသေးတယ် ခုနောက်ပိုင်း
တော့အရိပ်တောင်မမြင်မိတော့သလိုမျိုး

ရိပေါ်ကတော့ရှာပါတယ် စကိတ်ထွက်စီးဖြစ်ရင်း
လည်းရှာတယ် မစီးဖြစ်ရင်လည်းရှာတယ်

သူပဲသူများတွေအကြောင်းကိုဘာမှမသိချင်ပါဘူးလို့
ဖင်ကုန်းအော်ခဲ့ပီးခါမှ ဝမ်ရိပေါ်မဟုတ်တော့သလိုမျိုး
တွေဖြစ်နေတာ

ခုသူ့ဘဝက တစ်ပူကနေနှစ်ပူဖြစ်လာတာထက်
တစ်နာကနေ နှစ်နာ ဖြစ်လာတာ ရိပေါ်ကထောင်
ခြောက်မှာမိဖူးထားတဲ့ကြွက်နာတစ်ကောင်လိုပဲ

သူလွတ်မြောက်လာခဲ့ပီလို့ထင်ရပေမယ့် အိပ်မက်ဆိုးတွေထဲမှာခုထိနေနေတုန်း

သူ့အနာနဲ့သူတောင်အနိုင်နိုင်နေနေရတဲ့ရိပေါ်က
နောက်ထပ်တစ်ခါ ဘာအကြောင်းနဲ့မှထပ်နာရတာမျိုးမဖြစ်ချင်တော့

ရိပေါ် ကအခုအသက် ၂၃ သူ့အသက် ၁၄ နှစ်မှာသူ့
မိဘတွေကစီးပွားပျက်တယ် အဖေရောအမေရောက
လောင်းကစားကြွေးတွေကြောင့်ရှိသမျှအကုန်
ထိုးဆပ်ခဲ့ရတယ်

ခုရိပေါ်နေနေတဲ့အိမ်အခွံကြီးပဲကျန်တော့တဲ့အထိ
နောက်တော့မိဘနှစ်ပါးစလုံးကနောက်အိမ်ထောင်ဆိုတဲ့ဟာတွေနဲ့အသီးသီး

သူတို့အဆင်ပြေဖို့ သူတို့ဘဝအတွက်အကောင်းဆုံးဆိုတာတွေကိုပဲရွေးခဲ့ကြတာ

ရိပေါ်ကိုတော့အမေရောအဖေရောကခေါ်သွား
ချင်တဲ့ပုံမရဘူး မိဘအရင်းတွေကတစ်ယောက်လက်ထဲတစ်ယောက်အတင်းထိုးထည့်နေတာတွေ ကြာလာတော့သူမမြင်ချင်မကြားချင်တော့ဘူး

အဲ့တာကြောင့်ရိပေါ်ကတစ်ယောက်ထဲနေဖို့ဆုံးဖြတ်ခဲ့တယ် အဲ့ဒီအိမ်မှာ အဲ့ဒီအရွယ်ကတည်းက
သူ့ခြေထောက်ပေါ်သူရပ်ခဲ့တယ်

ဘယ်အဖေဘယ်အမေရဲ့မေတ္တာကိုမှသူထပ်မရခဲ့ဘူး

စိတ်ပေါက်ရင်ထထပို့တတ်တဲ့ပိုက်ဆံတွေကိုမြင်ရင်
တော့ရိပေါ်ကအော်ရီနေတတ်တယ် ချစ်တတ်လိုက်တဲ့သူ့မိဘတွေဆိုပီး

အထက်တန်း ပထမနှစ်မှာသူနောက်ထပ်တစ်ခါ
နွေးထွေးမှုကိုပြန်ခံစားခဲ့ရတယ် အဲ့ဒီနွေးထွေးမှုလေးကသူ့ထက်တစ်နှစ်ကြီးတဲ့သူ့အချစ်ဦး ရန်ရန်ကျဲ

Tracer 85 's  Purple Diary (Completed)Where stories live. Discover now