ရှောင်ကျန့်ရဲ့ အိုအေစစ်လေးက သူ့အိပ်ခန်းထဲက
ထပ်ခိုးလေးထဲမှာအဲ့ဒီထပ်ခိုးထဲမှာသူ့ကမ္ဘာလေးတည်တယ်
အသက်၂၀အရွယ်ရှောင်ကျန့်ရဲ့ကမ္ဘာလေးက သူနဲ့
4နှစ်ကွာတဲ့ ၁၆ နှစ်စွန်းစွန်း ကောင်လေးတစ်ယောက်ရိပေါ် တစ်နည်းအားဖြင့်သူ့ကမ္ဘာလေးက အသက် ၁၆နှစ်စွန်းစွန်းပဲရှိသေးပေမယ့်ကြောက်ဖို့ကောင်း
လောက်အောင်တည်ငြိမ်တယ်အဲ့ဒီအချိန်တွေတုန်းကဝမ်ရိပေါ်ကဆိုင်ကယ်ပြိုင်ပွဲ
တွေမှာတက်သစ်စကောင်လေး သူကအဲ့ဒီလူငယ်လေးရဲ့အားတွေမာန်တွေကိုသိပ်သဘောကျခဲ့တာဝမ်ရိပေါ်ဝင်ပြိုင်တဲ့မထင်မရှားပွဲလေးတွေကအစ
ရှောင်ကျန့်ကမလွတ်တမ်းကြည့်တယ် ဝမ်ရိပေါ်ကသူ့
အားအင်လေးနောက်ပီးဝမ်ရိပေါ်ရဲ့တခြားဘက်ခြမ်းကို
ရှောင်ကျန့်က မြင်တယ် အဲ့ဒါကြောင့်ပဲအဲ့ဒီ
ကောင်လေးရဲ့အရာရာကိုသူနားလည်ချင်ခဲ့တာဝမ်ရိပေါ်ကသူ့ဖြစ်တည်မှုကိုမသိတာတောင်မှဘဲလေ
ရှောင်ကျန့်ကသူ့ နေ့တွေလတွေကို ကဗျာတွေရေးရင်း
သူနဲ့ပင်လယ်တွေ သမုဒ္ဒရာတွေခြားနေတဲ့ နေရာက
ကောင်လေးတစ်ယောက်ကို အရိပ်တကြည့်ကြည့်
ကြည့်ရင်းနဲ့ပဲကုန်ဆုံးခဲ့တာရှောင်ကျန့်ကအသက် ၂၀ရှိနေပီ ပီးတော့ယောက်ျား
လေးတစ်ယောက် သူ့စိတ်ကအရူးထပီး 16 နှစ်
အရွယ်ကောင်လေးကို စိတ်ကစားနေစရာဘာအကြောင်းမှမရှိဘူးရှောင်ကျန့်ကသူ့ကိုယ်သူဝန်ခံတယ် သူဝမ်ရိပေါ်ကို
သဘောကျတယ် Tracer 85 ကိုသဘောကျတာမ
ဟုတ်ဘဲ ယောကျာ်းလေးတစ်ယောက်က ယောက်ျား
လေးတစ်ယောက်ဖြစ်တဲ့ ဝမ်ရိပေါ်ကိုသဘောကျ
နေတာရှောင်ကျန့်ကသူ့ဘဝတစ်လျှောက်လုံးမှာဘယ်မိန်
ကလေးကိုမှ ရိပေါ်ရဲ့ဆိုင်ကယ်စီးပီးခါစချွေးစိုနေတဲ့
မျက်နှာလေးလောက်ရန်မခုန်ဖူးဘူးသူ့စိတ်ကိုယ်သူ ဒီလိုနားလည်လိုက်တဲ့အချိန်မှာလည်း
သိမ်ငယ်စိတ်တွေမဝင်ဖူး ရှက်လည်းမရှက်ဘူးယောက်ျားလေးတစ်ယောက် ကိုသဘောကျမိလို့
ဆိုပီးစိတ်မပျက်မိဘူး သူကိုယ်သူကျေကျေနပ်နပ်ပဲ
လက်ခံဖြစ်တယ်
YOU ARE READING
Tracer 85 's Purple Diary (Completed)
Fanfictionခရမ်းရောင်ဒိုင်ယာရီလှလှလေးကိုဖတ်ကြည့်ကြ မလား တစ်ကယ်ရောဒိုင်ယာရီတွေတိုင်းကလှပတတ်သလား အညိုရောင်ဒိုင်ယာရီတွေရောရှိတတ်သလား ငါကတော့မင်းရဲ့ခရမ်းရောင်လေးပဲဖြစ်ချင်တယ် မင်းရင်ခွင်ထဲမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့မင်းအတွက်ပဲ ဖြစ်တည်မယ့်မင်းရဲ့ခရမ်းရောင်ဒိုင်ယာ...