Part 5

4.5K 401 27
                                    

5

"အဆင်ပြေရဲ့လားဟင်"

နူးညံ့နွေးထွေးတဲ့လေသံလေးနဲ့အတူ
Li ပေါ်အုပ်မိုးလာတဲ့အရိပ်လေးတစ်ခုကြောင့်
Li မော့အကြည့်မှာ အတိတ်ရဲ့အလှပဆုံး
ပန်းချီကားလေးတစ်ချပ်ကိုပြန်ရှာဖွေတွေ့ရှိမိတာမို့
Li ပါးစပ်ကကျင့်သားရနေတဲ့နာမည်တစ်ခုကို
အလိုလိုရွတ်လိုက်မိတယ်

Li-မ
.
.
.
.
.
.
Nini ခေတ္တသူ့အသံလေးကြောင့် ကြောင်အ
သွားမိတယ် မတွေ့ရတာကြာတဲ့ ကို့ရဲ့ရင်ခုန်သံ
လေးနဲ့ ထပ်တွေ့လိုက်ရတာမို့ပြောစရာစကားတွေက
ပျောက်ဆုံးနေခဲ့မိပြန်တယ်

Ni-lili

Li-မ...မ...မဟုတ်လားဟင်

Ni-lili ကဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ

နာကျင်နေတဲ့ဘယ်လက်ကိုညာလက်နဲ့အုပ်ကိုင်ရင်း
Li မတ်တပ်ရပ်လိုက်သည်

Ni-lili က uk ရောက်နေတာမဟုတ်ဖူးလား

Li-မ..ဘာဖစ်သွားသေးလဲ...

ကျွန်မအမေးတွေကိုမဖြေပဲ အရင်လိုစိတ်ပူတတ်
သေးတဲ့ သူ့ရဲ့အပြုအမူကြောင့် ရင်ထဲမာ
ခပ်နွေးနွေးဖစ်ပြီး ကျေနပ်သွားမိပြန်တယ်

Ni-li ကိုမေးရမှာပါ လက်နာသွားတာမလား

Li-ရပါတယ် သွားခွင့်ပြုပါဦး ကားကိုလဲသေချာ
ဂရုစိုက်​မောင်းဦး အရင်လိုဆိုးတုန်းပဲနော်
ဘာပဲဖစ်ဖစ်ပါ မ ဂရုစိုက်နော် ကားကိုဖြေးဖြေး
မောင်းသွားဦး

Li မကို ဥပေက္ခာပြုပြီး လှည့်ထွက်လိုက်သည်
ကို့ရဲ့ရင်ခုန်သံတွေကို chae ဆီအပ်နှင်းပြီးပြီမို့
မ ကိုထပ်တွေ့ရပေမဲ့လဲ li စိတ်တွေကိုချုပ်တည်းရင်း
ကြိုးစားပြီး မကို ကျောခိုင်းလိုက်မိတယ်

Ni-lili....နေပါဦး

မရဲ့ စကားလေးကြောင့် li ခြေလှမ်းတွေက
အလိုလိုရပ်တန့်သွားမိတယ် ခုထိမက li အပေါ်
စိုးမိုးထားတုန်းပါပဲ

Ni-မ liliနဲ့စကားပြောချင်တယ်

အေးစက်စက်တိုက်ခတ်နေတဲ့လေပြေတွေကြားထဲ
လူးလွန့်လာတဲ့ မရဲ့စကားက li စိတ်တွေကို
လှုပ်ရှားသွားစေတယ်

Li-ကျွန်မတို့ကြားမှာဘာပြောစရာများရှိဦးမှာလဲ
မရယ်

Ni-lili မှာမရှိခဲ့ပေမဲ့ မ မှာမေးစရာအများကြိးရှိတယ်
မ မေးခွန်းတွေကို lili ဖြေပေးမှဖစ်လိမ့်မယ်

You Stole My Soul (Chaelisa Completed)< Z+UNI>Où les histoires vivent. Découvrez maintenant