Part 8

4.2K 379 16
                                    

8

"အေးလိုက်တာလဲလွန်ရောပဲ "

အေးလွန်းလို့ မေးဖျားလေးတွေတောင်
တဂတ်ဂတ်နဲ့ရိုက်လောခဲ့တယ်
စိတ်ပြောင်းအောင် ခေါင်းလောင်းကိုလက်နဲ့
မထိတထိထပ်ဆော့လိုက်မိတယ်
စိတ်တော့ပြောင်းမပြောင်းမသိဖူး ဝေ့ဝဲတိုက်နေတဲ့
လေအေးတွေကြား li ဘဝပြောင်းချင်လာမိတယ်

Li-ommaaaa ရေ......​အေးလိုက်တာ

မခံစားနိုင်တော့တဲ့အဆုံး ဒူးလေးပိုက်ပီး
ဒူးခေါင်းကြားထဲကို ခေါင်းလေးညှပ်ရင်း လက်၂ဖက်
ကိုလဲ နွေးထွေးအောင်ပွတ်တိုက်နေမိတယ်

Li-တကယ်ရက်စက်တဲ့ chae ပဲ ငါ့ကိုနည်းနည်း
လေးတောင်ထွက်မကြည့်ဖူး

အေးလွန်းလို့ ကွဲအက်နေတဲ့နုတ်ခမ်းသားတွေ
ကနေ သူမကို ခပ်ဆိတ်ဆိတ်လေးအပြစ်တွေ
တင်လိုက်မိတယ် အအေးဒဏ်ကြောင့်ကိုက်ခဲ
တုန်ယင်နေတဲ့ လက်တွေကို ခပ်မြန်မြန်ပွတ်ရင်း
အိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး iconလေးတွေကို
အမြန်ရွေ့ရင်း weather အရောက်မှာ touchကိုဖိရင်း
Li screen ပေါ်မှာပြနေတဲ့ celsius ကိုကြည့်
လိုက်မိတယ်

Li-အော်........3 degree celsius တဲ့လား
မနက်မှမသေရင်ကံကောင်းတယ်လို့ပြောရမှာပဲ
ရေခဲမှတ်တောင်ရောက်တော့မယ် အေးလိုက်တာ

"ဂလုန်း............."

Li-ပလုတ်တုတ်

ခြံထဲက အသံကျယ်ကြီးတစ်ခုကြောင့် li လန့်သွား
မိတယ် တဆက်ထဲမှာလဲ သူမကိုစိတ်ပူသွားမိတယ်
ခြံတံခါးကို ကျင်တက်နေတဲ့ လက်တွေနဲ့ကုတ်ဖဲ့
တက်ဖို့ကြိုးစားနေမိပေမဲ့ အိမ်တံခါးဝကနေကြည့်နေတဲ့သူမကြောင့် လန့်ပီး တက်နေရင်းကနေ
ပြုတ်ကျပါတော့တယ်.....

"ဖုတ်............✳✳✳✳✳"

Li-အာ့သေပါပီ.................

မမြင့်လွန်းတဲ့နေရာကနေပြုတ်ကျတာဟုတ်ပေမဲ့
တကိုယ်လုံးအေးစက်ထုံကျင်နေတာမို့
တော်တော်နဲ့ပြန်မထနိုင်ခဲ့ဖူး

" နင်ရူးနေတာလား "

Li သူမကို မော့မကြည့်ပဲ ပေနေတဲ့ဖုန်တွေကို
ဖုတ်ဖတ်ခါ နေမိတယ်

Chae-ဒီလောက်အေးနေတာကို ဒီချိန်ထိနေရအောင်
နင်ရူးနေတာလား lalisa

You Stole My Soul (Chaelisa Completed)< Z+UNI>Hikayelerin yaşadığı yer. Şimdi keşfedin