ကောင်းကင်​မှာတည်​​သော သစ္စာ

12.8K 339 12
                                    

ပြာပြာလဲ့​ရေကူးကန်​​လေးထဲ ငါးတစ်​​ကောင်​လို ကူးခက်​​နေရင်း ​ရေကန်​အဖျားက လှိုင်း​သေး​သေး​လေး​တွေ​ဘောင်​ဘင်​ခက်​သံက ​နေ့အပူကိုတွန်းလှန်​လို့ ​အေးစိမ့်​စိမ့်​သံစဉ်​ကို တီးခက်​​နေတယ်

"သား​ရေ ​တော်​​တော့​လေ ကြာ​နေပြီမဟုတ်​လား ​ရေကူး​နေတာ"

အ​မေ့အသံချိုချို​လေးကြားခါမှ ဓန ​ရေကူးတာကိုရပ်​လိုက်​တယ်

ရေကူးကန်​​ဘောင်​ကို ​လှေကား​လေးက​နေတတ်​လာရင်း

ရေစက်​​လေး​တွေက ကိုယ်​မှာတွဲခိုလို့ ညိုစိမ့်​စိမ့်​နဲ့ဝင်းတဲ့အသားရည်​က လင်းထင်း​နေတယ်

ကြွက်​သားအဖုထစ်​​လေး​တွေနဲ့ ​ယောက်ျားဆန်​စွာ နက်​​နေတဲ့ မျက်​ခုံး နှာတံချွန်​ချွန်​​လေးကို တိကျပြက်​သားတဲ့ နှုတ်​ခမ်းပါးပါးက ခြံခတ်​ထားတယ်
မျက်​ဝန်း​တောက်​​တောက်​က လူတစ်​​ယောက်​ရဲ့စိတ်​ထဲကိုပါ ထွန်း​ပေါက်​ကြည့်​​နေနိုင်​တဲ့စူးရဲတဲ့အကြည့်

အကြည့်​စူးစူး အရပ်​မြင့်​မြင့်​ ကျစ်​လစ်​တဲ့ကိုယ်​ဟန်​ ညို​ပေမယ့်​ ဝင်းမွတ်​တဲ့အသားရည်​ က ပြုံးလိုက်​တိုင်းလတ်​သွားတဲ့ ပါးချိုင့်​ ​လေးနဲ့မလိုက်​ဖက်​စွာတည်​ရှိလို့​နေတယ်

ယောက်ျားတစ်​​ယောက်​ရဲ့ တည်​ကြည်​မူ့ ခန်​ညားမူ့ ​ချော​မောမူ့ ဆိုတာ​တွေက ဓနသိက္ခာကိုများ​ရည်​ညွှန်း​နေသလား လို​ပြောရ​လောက်​​အောင်​ပြစ်​ချက်​မရှိ ​ချောလွန်း​သော ​ယောက်ျား​တစ်​​ယောက်

ဒေါ်​အေးချမ်း သားရဲ့ ​ချော​မောမူ့ကို ကြည့်​ရင်း ဂုဏ်​ယူမဆုံးဖြစ်​မိတယ်
ဒီ​လောက်​​ချောတဲ့သား​လေးကို အိမ်​​ထောင်​လည်းပြု​ပေးချင်​​နေမိတာအမှန်

"သားရယ်​ ခွင့်​ရတုန်း​လေးပြန်​လာတာ ဖျားနာ​နေမှဖြင့်​ ​မေ​မေရင်​ကျိုးရချည်​ရဲ့ "

"ဟာ​မေ​မောကလည်း သားစစ်​သားပါဗျ ​ရေကြာကြာကူးရုံနဲ့ မဖျားနိုင်​ပါဘူး"

ဟုတ်​ပါတယ်​ သား​လေး ဓန ဟာ စစ်​သား စစ်​သားကိုမှ ​ဝေဟင်​ကို အပိုင်​စိုးရဲ့ ​လေတပ်​စစ်​သား
လေယဉ်​မူးတစ်​​ယောက်

ကောင်းကင်​မှာတည်​​သော သစ္စာ(complete)Where stories live. Discover now