ကောင်းကင်မှာတည်သောသစ္စာ
အပိုင်း ၁၀
သွေး အိမ်မက်ဆန်းဆန်းတစ်ခုကို မက်တယ် အိမ်မက်ထဲမှာ ကျွန်တော်လူတစ်ယောက်ကို အရမ်းချစ်နေတယ်တဲ့ အဲ့ဒီ့လူက ကျွန်တော့ချစ်သူ ကဗျာတော့မဟုတ်ခဲ့သလို
မိန်းမတစ်ယောက်လည်း မဟုတ်ခဲ့ပြန်ဘူးတဲ့
ပြီးတော့ ကျွန်တော်မသိတဲ့ သူလည်းမဟုတ်ပြန်ဘူးသွေးအလန့်တကြားနိုးလာခဲ့တော့တယ်
အိမ်မက်ပါဟုတ်ပါတယ် အိမ်မက်ပါနော် အိမ်မက်ပေမယ့် အပြင်လောကထိရင်မခုန်သင့်ဘူးမှတ်လား
သွေး လက်ရှိပစ္စုပန်ဆီအတွေးတွေကိုပြန်ခေါ်လိုက်တယ်
ဟာ သွားပြီ ကဗျာ.....
သွေးအနားမှာ အဝတ်မဲ့နေတဲ့ ကဗျာ
သွေးထ ထိုင်မိတယ်
ကဗျာ မျက်လုံးလေးဖွင့်လာပြီး စောင်လေးကောက်ဖုံးကာစကားဆိုလာတယ်
"Morning ကို "
"ကဗျာ မင်း ဆေးခပ်တယ်ဟုတ်လား"
"အာ ကို ကလည်း ချစ်သူတွေကြားမှာ ဒါမျိုးကဆန်းမှမဆန်းတာ ကိုနဲ့ ကဗျာလည်းဒီအဆင့်တော့ရောက်သင့်ပြီမှတ်လား "
"ကို ပိုပြီးပျော်သွားအောင် ဆေးလေးနဲနဲခပ်လိုက်တာပဲရှိတာကို "သွေး ကဗျာကို အရမ်းအပစ်မတင်ချင်တော့ ကဗျာပြောတာလည်းဟုတ်တယ် ကဗျာနဲ့သွေး ချစ်သူဖြစ်တာ ၃နှစ်ရှိခဲ့ပြီ သွေးဘက်က စည်းမကျော်ခဲ့
ကဗျာဘက်ကလိုလိုလားလားနဲ့ စည်းတစ်ခုကို ကျော်ပစ်တာကလည်း အမှားတစ်ခုမဟုတ်
မှားနေတာက သွေး သွေးရဲ့ ရင်ခုန်သံကမှားနေတာ
သွေး မင်းနိုးထသင့်ပြီ မင်းအခု ဘယ်အရာကို အလုပ်သင့်ဆုံးလည်းဆိုတာကို မင်းဆုံုးဖြတ်သင့်ပြီသွေး
မင်းနှစ်သက်လို့ဖြစ်ဖြစ် မနှစ်သက်လို့ဖြစ်ဖြစ် မင်းကျူးလွန်ခဲ့ပြီးပြီ တာဝန်တစ်ခုကို မင်း ခေါင်းရှောင်မှာလားသွေး
YOU ARE READING
ကောင်းကင်မှာတည်သော သစ္စာ(complete)
Romanceတည်ကြည်လွန်းတဲ့ စစ်သား ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့ ငါ့အချစ်ကအမှားဆိုရင်တောင် ငါအထပ်ထပ်အခါခါမှားမိမယ်ထင်တယ် ဓနသိက္ခာရယ်...... (ပါဝင်သော ဇတ်ကောင်တွေဟာ သာသာရဲ့ စိတ်ကူးတွေသာဖြစ်ပါတယ် )boy love ပါနော်