ကောင်းကင်မှာတည်သောသစ္စာ
အပိုင်း ၉
ဓန ထရပ်လိုက်တယ် ခြေကိုခွေယိုင်မသွားအောင်ထိန်းရင်း
ထိပ်ထားနားကဖြတ်လျောက်ရင်း သူ့ဘေးက ဗိုလ်ကြီးမမကိုတစ်ချက်မကြည့်ဘဲ
ကျော်သွားမှ နောက်ပြန်စောင်းငဲ့ပြောလိုက်တယ်
"ဗိုလ်ကြီး အခုမှရောက်တာမှတ်လားနားလိုက်ပါအူံး နောက်နေ့မှ တာဝန်တွေပေးတော့မယ် "
ဓန ခြေဆက်လှမ်းလိုက်တယ် အသံလေးအနည်းငယ်တုန်ခါနေမူ့နဲ့ မျက်ရည်ဝဲဝဲတစ်ချို့ကို သူမ မမြင်နိုင်လောက်ပါဘူးနော်
သူမဆီက စကားသံ ထွက်လာတယ်
"မောင်"
ဓန ခြေလှမ်းတွေ တန့်ခနဲ ရင်တစ်စုံက တစစ်စစ်နာတာလာတယ် တင်းကျပ်ကျပ် ခံစားချက်က ၂ နှစ်ဆိုတဲ့အတိုင်းတာမှာ နည်းနည်းလေးမှ လျော့ပါးမသွား
ဘာတဲ့ မောင် တဲ့လား ထိပ်.....
"ဗိုလ်ကြီး မိုးမြင့်ထိပ်ထား လုပ်ငန်းခွင်မှာ ကိုယ်ရေးကိုယ်တာအသုံးနှုန်းမျိုး မသုံးရင်ကောင်းမယ် "
ဓန လှည့်မကြည့်ဘဲပြောလိုက်တယ်
"နောက်ပြီးတော့ မောင် ဆိုတဲ့ နာမ်စားက ကျွန်တော်နဲ့ မထိုက်တန်ခဲ့ဘူးမဟုတ်လား....နောက်မခေါ်ပါနဲ့ မလိုအပ်တော့ဘူးလေ"
ဓန နောက်ကိုလှည့်မကြည့်တော့ မဟုတ်ဘူး လှည့်ကြည့်နိုင်ဖို့ အင်အား ဓန မှာမရှိတာ
ဘာတဲ့ မောင် ဟုတ်လား မင်းနင်းချေခဲ့စဉ်က မင်းလွင့်ပစ်ခဲ့စဉ်က မင်းအထင်သေးခဲ့စဉ်က မင်းငါ့ဘက်တစ်ချက်ကြည့်ခဲ့လို့လား ထိပ်ထား.......
ဓန အဆောင်သာပြန်ခဲ့တော့တယ်
သူ့အခန်းထဲမှာတော့ သွေးရှိမနေ သွေးရှိမရှိလည်း ဓန သတိမထားအား ကျလုလုမျက်ရည်ကိုသာ လူမမြင်အောင်
ကွယ်ဝှက်ရင်း
YOU ARE READING
ကောင်းကင်မှာတည်သော သစ္စာ(complete)
Romanceတည်ကြည်လွန်းတဲ့ စစ်သား ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့ ငါ့အချစ်ကအမှားဆိုရင်တောင် ငါအထပ်ထပ်အခါခါမှားမိမယ်ထင်တယ် ဓနသိက္ခာရယ်...... (ပါဝင်သော ဇတ်ကောင်တွေဟာ သာသာရဲ့ စိတ်ကူးတွေသာဖြစ်ပါတယ် )boy love ပါနော်