ကောင်းကင်မှာတည်သော သစ္စာ
အပိုင်း ၁၁
ကဗျာ မျက်ရည်လေးတွေသုတ်ပြီး ဆိုင်ထဲဝင်ခဲ့တယ် သွေးသီချင်းကပြီးတော့မယ်လေ
ကဗျာပြေးထွက်သွားတာကိုသွေးသတိထားမိပါရဲ့လားသွေး
အခုထိ သူ့က်ုငေးကြည့်နေဆဲပဲလား သူကရော ....သွေးခံစားချက်တွေကိုသိမှာတဲ့လား..."ကဗျာ ညီမတို့ရန်ဖြစ်ထားတာလား "
"ဟုတ် အကို နည်းနည်းစကားများထားတာပါ "
ကဗျာ ဗြောင်လိမ်လိုက်တယ်
ဒီသီချင်းက ဒါဆို သူ့ချစ်သူကိုရည်ရွယ်တာပေါ့
ဓန မင်းစိတ်ထိန်း ....မင်းနဲ့ဘာဆိုင်လို့လဲ သူ့ချစ်သူသူဆိုပြတာကို မင်းက ရင်နာနေသေးတယ်"ကဗျာ သွေးကလေ ကိုယ့်ညီလေးဆိုလည်းဟုတ်တယ် ကိုယ်လေးစားရတဲ့ ကလေးဆိုလဲ ဟုတ်တယ် ကဗျာ ကိုယ့်ညီလေးအသဲကို မခွဲပါနဲ့နော် ကိုယ်.....တောင်းဆိုတာပါ"
သွေး ဒီကောင်လေးရဲ့ မျက်ရည်တွေကို မမြင်ရက်တာအမှန်
"ဟုတ် အကို ကဗျာ နည်းနည်းဆိုးမိသွားတာမို့ .....
စိတ်ချပါ ကဗျာဆိုတာ သွေးထားသွားမယ်ဆိုရင်တောင် အတင်းလိုက်ဆွဲ ထားမယ့်သူမို့ပါ"ဓန စိတ်ချသွားမိတယ် ဒါပေမယ့် ရင်ဘက်ကြီးက နာသလိုလိုကြီး
"အကို သွေး ဆိုတာကောင်းလား "
အနားကိုရောက်ရောက်ချင်းမေးတာက သွေးဆိုတာကောင်းလားအကိုတဲ့လား သွေးရယ်
ဒီက ရှင့်ချစ်သူကို နည်းနည်းလေးတော့အားနာပါအုံးလား....
"အွန်းအရမ်းကောင်းတယ်ကိုယ်တောင် မျက်ရည်ကျမိတော့မလို့ သွေးရာ ကဗျာ ကိုလည်း အလိုလိုက်လေ ချစ်သူတွေဆိုတာ ဒီလိုပဲ စိတ်ဆိုးစိတ်ကောက်တတ်တာပဲလေ"
အကို ဘာကိုပြောတာလဲ သွေးနားမလည်ပေမယ့် အကိုက သွေးဆိုတာကောင်းတယ်ဆိုရုံနဲ့ သွေးပျော်ပါတယ် သွေးရင်ဘက်ကြီးနဲ့ ဆိုထားတာမို့
KAMU SEDANG MEMBACA
ကောင်းကင်မှာတည်သော သစ္စာ(complete)
Romansaတည်ကြည်လွန်းတဲ့ စစ်သား ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့ ငါ့အချစ်ကအမှားဆိုရင်တောင် ငါအထပ်ထပ်အခါခါမှားမိမယ်ထင်တယ် ဓနသိက္ခာရယ်...... (ပါဝင်သော ဇတ်ကောင်တွေဟာ သာသာရဲ့ စိတ်ကူးတွေသာဖြစ်ပါတယ် )boy love ပါနော်