^^^^^ Unicode ^^^^^ရောင်စုံမီးရောင်နှင့်...
DJသံခပ်မြူးမြူးက...မူးယစ်နေသော သူ့စိတ်တွေကိုပို၍ Tempoမြှင့်စေသည်။ဆေးလိပ်တစ်ဖွာကို ခပ်ဆဆရှိုက်လိုက်တော့...လူကမိန်းမောလာကာ တိမ်တွေပေါ်ရောက်သွားသလို၊ သက်တန့်တွေပေါ်ဆော့ကစားနေသလို၊ အဟွန်းး...ဒီလို Feeling မျိုးကသိပ်မိုက်တယ်မဟုတ်လား၊ လောကစည်းစိမ်ဆိုတာ..ဒါမျိုးကိုခေါ်တာ။
Club ရဲ့ထောင့်ကျကျစားပွဲမှာ ဆော့ဂျင် ထိုင်ပြီးဘာရယ်မဟုတ်...Dancing Floor ကိုသာကြည့်နေမိသည်။
ပုရိသမျိုးစုံက အရောင်းအသွေးစုံလင်စွာနှင့် လေယူရာယိမ်းနွဲ့နေသောပန်းပွင့်များလို လွန့်ကာ လူးလို့။ ငါဆိုသည်မှာလည်း ဆေးလေးနည်းနည်းသုံးလိုက်တာနဲ့..ကဗျာတွေ စာတွေရေးချင်နေတော့တာဘဲ ၊ အဟွန်းး ပျော်ဖို့တော့ကောင်းသား။
"ဆော့ဂျင်...."
ခပ်သြသြအသံလေးက သူ့အတွေးများကိုဖျက်ဆီးလိုက်တာမို့...ဂြိုဟ်ကြည့်ကြည့်လိုက်မိသည်။တွေ့လိုက်ရသည်က ကိုယ့်သူငယ်ချင်း ဂျောင်ဟိုဆော့ ၊ ထုံးစံအတိုင်းပြုံးပြရင်း...ကျွန်တော့်ဘေးဝင်ထိုင်လာသည်။
လက်မှ စီးကရက်ကို ဇိုးဇိုးဇက်ဇက်ပင်လုယူသွားကာ...နှာခေါင်းရှုံ့ရင်း..
"မင်းကတော့...
မကောင်းမှန်းသိရက်နဲ့လဲ..
ဆက်လုပ်တာပဲ၊
တစ်ဖြည်းဖြည်း နဲ့ဘိန်းစားရုပ်ပေါက်နေပြီ"ကျွန်တော့် ခပ်သဲ့သဲ့ရယ်အောရင်း Sofa ပေါ်ပျင်းတွဲတွဲမှီချလိုက်သည်။ ခုထိ စိတ်တွေက တိမ်တွေစီးနေတုန်း...
"အင်း..
အဲ့တာ နောက်ဆုံးကျန်တာဘဲ၊
သန်ဘက်ခါဆို လုပ်ငန်းစပြီ"