{{{ UNICODE }}}
လှေကားပေါ်က ကိုယ့်အတွေးနဲ့ကိုယ် ဆင်းလာတယ့် "နမ်ဂျွန်း"၊ ဧည့်ခန်းထဲမှ လူနှစ်ယောက်ကြောင့် စူးစမ်းသလိုတစ်ချက်ကြည့်လိုက်ပြီး..
"အိုမားး က ဘယ်သွားမလို့လဲ?"
"ဪ သားတောင်နိုးလာပြီပဲ၊
အိုမားးက မောင့်ကို ဆိုင်ခေါ်သွားမလို့လေ၊ နောက်ပြီးShopping လဲထွက်ရင်းပေါ့ အဟင်း"အဆုံးသတ်မှာ ရယ်ချလိုက်ရင်း အိုဂျောင်မီ ကစကားစကိုဖြတ်လိုက်သည်။ အသက်၄၂အရွယ်ဆိုသော်လည်း သူမကတော့အရွယ်တင်လွန်းသည်။
"ဆော့ဂျင်"ကတော့ဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ပြီး ဟန်ပါပါပြုံးသည်။ ထို့နောက်စူးစမ်းသလိုကြည့်နေတယ့်သူကို မေးဆတ်ပြပြီး..
"ဂျွန်းးရော Hyung တို့နဲ့အတူလိုက်ခဲ့မလား? မိသားစုလိုက် Shopping ထွက်ကြတာပေါ့"
လာပြန်ပြီ မိသားစု Shopping
အရင်တစ်ခါကလဲ မိသားစုထမင်းဝိုင်း။"တော်ပြီ ကျွန်တော်မလိုက်တော့ဘူး၊
အိုမား တို့ပဲပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့ကြပါ ""အင်း ဒါဆို Hyung က ဂျွန်းအတွက်လက်ဆောင်တစ်ခုခု ဝယ်လာပေးမယ် ဟုတ်ပြီလား?"
ပြုံးလျက် စကားဆိုလာသော ထိုလူသားကချစ်ဖို့တကယ်ကောင်းသည်။ ရင်ဘတ်ထဲက ဆိုင်းသံ ဗုံသံတို့ကိုမျက်ကွယ်ပြုလိုက်ရင်း ထမင်းစားခန်းဆီသို့သာ ဦးတည်သည်။
နောက်က ခပ်ဖွဖွရယ်မောသံနှင့်အတူ ချိုအီအီအသံလေးက ရယ်သံစွက်ကာနှင့်...
"မ ရဲ့ သားက ကလေးဆန်လိုက်တာနော်၊ တကယ်ပဲ ဘယ်လိုလေးလဲမသိဘူး"
"အွန်း သားကအဲ့လိုပဲ လာ မ တို့သွားရအောင်"
"ဟုတ်.."
လူက ကျောခိုင်းထားသော်လည်း အကြည့်တွေကတော့ ထွက်သွားသူနှစ်ယောက်ကို သမင်လည်ပြန်စောင်းငဲ့ကြည့်မိသည်။
ဆုပ်ကိုင်ထားတယ့် လက်နှစ်ဖက်က တစ်ယောက်နှင့်တစ်ယောက်မြဲမြံလျက်...။
အပြုံးတွေရော ၊ အပြုအမူတွေပါ အတုတွေမှန်း ကိုယ်ကသိနေသည်။