Chapter (4)

898 81 19
                                    

//////Unicode//////

"မိသားစု ဓာတ်ပုံရိုက်မယ်လေ"

ဘယ်သူက ထအော်လိုက်လဲမသိပေမယ့် "နမ်ဂျွန်း"မျက်နှာက ရှုံ့တွသွားတာအသိသာကြီးပင်။ မြို့နယ်တရားရုံးမှာ လက်မှတ်ထိုးအပြီး အိမ်မှာ ဧည့်ခံနေခြင်းဖြစ်သည်။

အိမ်နီးနားချင်းများက တကယ်ဘဲဒီပွဲကိုလာချင်စိတ်ရှိတာလား??? ယောကျာ်းငယ်ငယ်လေးယူလိုက်တယ့်သတင်းကို လာအတည်ပြုတာလား မသဲကွဲတော့၊ သေချာတာကတော့ ဒုတိယအချက်သာဖြစ်ဖို့များသည်။

ခုတော့ ခြံရှေ့မြက်ခင်းပြင်ပေါ်မှာ လူစည်နေတာတော့အမှန်ပင်။

"နမ်ဂျွန်း ဟိုမှာဓာတ်ပုံရိုက်ဖို့ခေါ်နေတယ်"

ကိုယ့်ပုခုံးကိုလာဆုပ်ညစ်ရင်း စကားဆိုလာသော"ယွန်ဂီ" ၊ ပါးစပ်လှုပ်ရုံပြောသွားတာက.."မင်းမျက်နှာအဲ့လောက်ကြီးပျက်မနေနဲ့တယ့်"၊ ဪ...ကျွန်တော့်မျက်နှာက အဲ့လောက်ကြီးသိသာနေပြီလား???

"သား...လာလေ"

အိုမား ဘေးမှာဝင်ရပ်လိုက်တော့ ထိုလူသားက ဟိုဘက်ကိုအနည်းငယ်တိုးပေးသည်။ကျွန်တော် မသိကျိုးကျွံပြုရင်း အတတ်နိုင်ဆုံးမျက်နှာကိုပြုံးထားမိသည်။
ခင်ဗျားတို့သိတယ့်အတိုင်း ဟန်ဆောင်ပြီးပြုံးရတာ သိပ်ခက်တယ်ဆိုတာ။

"ဘာလဲဟ...
လုပ်ပြုံးကြီးမှန်းသိသာလွန်းတယ်"

"ဆော့ဂျင်" ခပ်ကြိတ်ကြိတ်ရေရွတ်ပြီးအကြည့်တွေလွှဲပစ်လိုက်သည်။ ကိုယ်က သူနဲ့ရင်းနှီးအောင်လုပ်ပြီး သူ့အမေကိုအပျော့ဆွဲဆွဲမို့ဟာကို ၊ ဒီစိတ္တဇကောင်က ထင်သလောက်မလွယ်ဘူးဘဲ...။အဟက်..ငါကလဲ အဲ့လိုအကြောတင်းတွေကိုမှ သဘောကျတာ၊ သိပ်ပျော့ညံ့လွန်းရင် ပျော်စရာမကောင်းတော့ဘူးလေ..အဟွန်းး။

အတွေးများကိုပုံဖော်ရင်း စိတ်လွတ်လက်လွတ်ပြုံးလိုက်မိသည်။ ကင်မရာမီးရောင်အောက်မှာ ကျွန်တော့်အပြုံးကအသက်ဝင်နေမှာအသေအချာ၊ "ကင်မ်ဆော့ဂျင်"ဆိုတာ ထိုလိုလူမျိုး။

"ကဲ...Post နောက်တစ်မျိုး"

ခု ပုံစံက သားနှစ်ယောက်ကိုဘေးမှာထားပြီး အမေနဲ့ဓာတ်ပုံရိုက်နေသလိုပင်၊ လူတွေက ပါးစပ်ကသာ ချီးမွမ်းနေကြတာ အကြည့်တွေက ကဲ့ရဲ့နေမှန်း "နမ်ဂျွန်း"သိသည်။
ဒါပေမယ့် အိုမား ပျော်နေတာဘဲ..၊ ကျွန်တော်ကျေနပ်ရမှာပေါ့လေ။

""Step Father""Where stories live. Discover now