နိဒါန်း

2.1K 46 2
                                    

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က လူမသိသူမသိ တည်ရှိခဲ့တဲ့ မင်းမျိုးမင်းနွယ်တစ်ခု တည်ရှိခဲ့သည်။ ထိုမင်းမျိုးမင်းနွယ်တွေဟာ လျို့ဝှက်စွာ နေကြသည့်တိုင်အောင် အင်အားကြီးမားသော နိုင်ငံတစ်ခုဖြစ်နေသည်။

နိုင်ငံတိုင်း တိုင်းပြည်တိုင်း၏ မင်းဆက်များကို အုပ်စိုးလာသူများမှာ အမျိုးသားများ ဖြစ်ခဲ့ကြပေမယ့်လဲ ထူးခြားစွာ ထိုတိုင်းပြည်မှာတောင် အမျိုးသမီးတစ်ဦးသာ အုပ်ချုပ်ခွင့်ရလေသည်။

တစ်နေ့မှာ တိုင်းပြည်ရေးဟာ တစ်စထက်တစ်စ မတည်ငြိမ်ဖြစ်လာပြီး ပုန်ကန်သူတွေနဲ့ အပြိုင်တိုက်ခိုက်ရင်း ......

      " မှူးကြီးမတ်ကြီးများ .... ငါဘုရင်မ ဧကရီဟာ မည့်သို့သော တိုက်ခိုက်မှုများအား ဝင်ရောက်မစွက်ဖက်ခဲ့ပေဘူး ငါဘုရင်မရဲ့ ထီးနန်းအမွေကိုလည်း မောင်တော်လေးကို အမွေဆက်ဖို့ မိန့်တော်မူပြီပြီဆိုတော့ ဒီသစ္စာဖောက်ကြောင့် ဖြစ်လာတဲ့ တိုက်ပွဲကို ငါဘုရင်မကိုယ်တိုင် ထွက်တိုက်မူမယ်   "

     " မှန်လှပါ ဘုရင်မကြီး ဘုရား ကျွန်တော်မျိုး အကြံပြုရမယ်ဆိုရင် ဘုရင်မကို
်တိုင် ထွက်တိုက်ဖို့ မသင့်ကြောင်းပါ... ထိုအစား ရှောင်တိမ်းနေသည်ကို ပိုကောင်းမှာပါ ဘုရား  "

     " တိတ်စမ်း မှူးမတ် .. မင်းရဲ့လျှာကို ဖြတ်ပြီး ခွေးကျွေးပြစ်လိုက်ရ ... အားလုံး မှတ်ထားကြလော့ ငါဘုရင်မ အသက်ရှိသရွေ့ ပြည်သူတွေကို မစွန့်ခွာဘူး ဒီတိုက်ပွဲကိုလဲ ငါ့အသက်စွန့်ပြီး တိုက်မဟဲ့  "

   ရာဇသံ အမိန့်နဲ့ တိုက်ပွဲကို သူ၏ မောင်တော်နဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မည့်သို့ပင် အင်အားကြီးစေ တိုင်းပြည်၏ လျို့ဝှက်ချက် အစုံစုံဟာ သစ္စာဖောက်လက်ထဲ ရောက်နေပြီဖြစ်တာကြောင့် နောက်ဆုံးတော့ အရှုံးနဲ့ ရင်ဆိုင်ကာ အသက်ခံရရန် ဖြစ်လာလေသည်။

       " ဟား  ဟား ဟား လာကြလော့ ... ဒီဘုရင်မကြီးနဲ့ သူမောင်တော်ကိုလဲ ဖမ်းမိထားသလို သူ့ရဲ့မျိုးနွယ်စုတွေကိုလဲ ငါကိုယ်တော်တို့ သုတ်သင်ခဲ့ပြီလေပြီ... အခုတော့ ဒီအမျိုးသမီးရဲ့ မျက်နှာလေးကို သေချာကြည့်ထားကြ နေမွန်းတည့်ချိန်မှာ မြို့လည်ကောင်မှာ တွင်းတူး ငြောင့်ထောင်ကာ မသေမချင်း ပြစ်ချသတ်စေ  "

     သေမဲ့အချိန်ကို တစ်ဖြည်းဖြည်း စောင့်နေရင်း အစာရေဆာ ငတ်ပြတ်ကာ အားအင်နဲ့နေလေပြီ။ အဘယ်မှာ ပြန်တိုက်နိုင်မည်နည်း။ နေမွန်းတည့်ချိန် ရောက်လာသောအခါ မျိုးနွယ်စု၌ နောက်ဆုံးကျန်ရစ်ခဲ့လေသော မောင်တော်လေးနဲ့ ဘုရင်မကြီးအား မြို့လယ်ရှိ ငြောင့်တွင်းသို့ ကြိုးတုပ်ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူအုပ်ကြီးက အလယ်မှာစုရုံးသွားပြီး မသေမချင်း မရှုမလှ ငြောင့်နဲ့ ထိုးစိုက်ခံရသည့် မောင်တော်လေးကို မျက်ရည်စက်တို့ဖြင့်သာ ကြည့်နေခဲ့ရသည်။ သူမ ဘာမှ ပြန်မလုပ်နိုင်ပေ။ သူ၏မောင်တော်အား မစောင့်ရှောက်နိုင်ခဲ့ပေ။ ဒီအတွက် သူမနောင်တရနေပေမယ့်လဲ နောက်ဆုံး သူမပါ မသေမချင်းထိုးစိုက်ခံရရင်း သက်ဆုံးမထွက်ခင် မောင်တော်လေး၏ လက်အစုံအား ဆုပ်ကိုင်ကာ ဆိုလိုက်သည်။

       " အမတော်ရဲ့ မော်တော်လေး နောက်ဘဝဆိုတာ ရှိခဲ့ရင် မင်းကို မမစောင့်ရှောက်မယ်   "

သူမ မျက်လုံးတွေ လေးလံစွာ မှိတ်သွားခဲ့ပြီး လမ်းမတစ်ခုပေါ် ရောက်လာလေသည်။ ထိုလမ်းသည် မှောက်မိုက်ကာ မည်သူမှမရှိ။ သူမ သွေးပေနေတဲ့ ဝတ်စုံ ဓားတစ်လက်နဲ့ ရှေ့ဆက်လျှောက်နေရင်း လမ်းအဆုံးမှာ အဖြူရောင်အရိပ်ကလေး တစ်ခုကိုတွေ့လိုက်ရသည်။ သူမဟာ လူအထင်နဲ့ ပုခုံးအားထိခါ မေးရန်ကြိုးစားလိုက်ပေမဲ့ အမြင်တွေ ဝေဝါးလာကာ လဲကျသွားခဲ့သည်။

ဒီလိုလဲကျခြင်းဟာ အနံ့အသက်မကောင်းတဲ့ အဖြူရောင် မျက်နှာကျက်တွေရှိတဲ့ နေရာကိုရောက်သွားစေခဲ့သည်။

:
:
:
:
:
:
:______________________

Intro ပါ ဘာ Translation မှ ထပ်မကိုင်တော့ပါဘူး OC ပဲရေးတော့မယ် ယူတို့က ဖတ်ပေးကြ။

ငါဘုရင်မကြီးရဲ့ အမိန့်Where stories live. Discover now