⭐1.2⭐

3.1K 274 37
                                    

~Zawgyi~
~အိမ်ပြန်ရောက်ခြင်း(၂)~

ဒီလိုအချိန်ကျမှပဲ လက်ဆွဲအိတ်တစ်လုံးကို ကိုင်လျှက် ရှောင်းဒင့်ဘန်း က အိမ်ပြန်ရောက်လာတယ်။ ခုနက ဒုတိယ သခင်လေးကို အတင်းတုတ်နေကြတဲ့ အစေခံတွေက ချက်ချင်းပဲ ပထမသခင်လေးဆီ ပြေးသွားကြတယ်။ တစ်ယောက်က သူ့ရဲ့ လက်ဆွဲအိတ်ကို သယ်ပေးတယ်။ တစ်ယောက် က ကုတ်အင်္ကျီကူချွတ်ပေးပြီး နောက်တစ်ယောက် က အိမ်ပေါ်စီး ဖိနပ်ပါးကိုပါ ကိုယ်တိုင်စွပ်ပေး နေသေးတယ်။ ကြည့်ရတာ အစေခံတွေကတောင် သခင်ရွေးတက်တာပဲ။ ဘယ်သူက အနာဂတ်ရှောင်းသခင်ကြီး ဖြစ်လာမယ်ဆိုတာ သိနေမှတော့ ဖားထားကြမှာပေါ့လေ။

"အစ်ကိုကြီး.. ကျွန်တော်ပြန်ရောက်ပြီ" ရှောင်းကျားရှို့ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကလည်း မထင်မှတ်ပဲ ပြုံးသယောင် ကော့ညွတ်နေတယ်။ ဘာတွေပဲဖြစ်နေပါစေ ရှောင်းကျားရှို့ က သူ့ရဲ့ ဒီ အစ်ကိုကိုတော့ အတော်လေးစားတယ်။ သူ့အစ်ကိုကြီးက တကယ်တော်တယ်။ သူတာဝန်ယူတဲ့ ရှောင်းလုပ်ငန်းစုရဲ့ လုပ်ငန်းခွဲတစ်ခုက နှစ်အနည်းငယ် အကြာမှာတင် ၂ဆလောက် ပိုကြီးပွားလာခဲ့တယ်။ ရှောင်းလုပ်ငန်းစုရဲ့ ဆေးဝါးထုတ်လုပ်မှု့ လုပ်ငန်းခွဲကြီးကို ကောင်းကောင်း ပဲ့ကိုင်နိုင်တဲ့လူက သူ့အပြင်မရှိနိုင်ဘူး။ သူကတကယ့်ကို ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ။ ရှောင်းကျားရှို့က သူ့အစ်ကိုကြီး ဆီက ဘာကိုမှ လုယူဖို့ စိတ်ကူးမရှိဘူး။ သူမက်မောတာဆိုလို့ သူ့အဖေနဲ့ အဖိုးရဲ့ အသိအမှတ်ပြု ချီးမွမ်းမှု့လေးရယ် သူ့အစ်ကိုကြီးရဲ့ ဝန်ထုပ်တွေကို ကူထမ်းပေးချင်တာရယ်.. ဒါလေးပါပဲ။ သူသဘောအကျဆုံး စကားပုံတောင် ရှိသေးတယ်။ "ညီအစ်ကိုတွေ စည်းလုံးရင် သံကိုတောင် ဖြတ်နိုင်လိမ့်မယ်"ဆိုတာလေ။

ဒါပေမဲ့ ရှောင်းဒင့်ဘန်း ကတော့ သူနဲ့အတွေး မတူဘူးနဲ့တူပါတယ်လေ။ သူက ရှောင်းကျားရှို့ ကို ခံစားချက်မဲ့စွာ တစ်ချက်စိုက်ကြည့်ပြီး အေးစက်စက် ခေါင်းတစ်ချက်ငြိမ့်ပြတယ်။ ဘာတစ်ခွန်းမှတောင် မတုန့်ပြန်လေဘူး။ ပြီးတော့ အပေါ်ထပ်က ငိုသံတွေ ကြားတော့ သူမျက်မှောင်ကြုံ့သွားတယ်။ ဒါပေမဲ့ သူဘာတစ်ခွန်းမှ မပြော ဘာခံစားချက်မှ မထုတ်ပြဘဲ ပြန်ရောက်လာတဲ့ ညီလေးကို ကြိုဆိုချင်စိတ်မရှိသလို၊ အပေါ်က ရန်ပွဲကိုလည်း စိတ်မဝင်စားဟန်နဲ့ အပေါ်ထပ်ကိုသာ တက်သွားတယ်။

How To Say I Love You <<Myanmar Translation>>Where stories live. Discover now