Part 2

236 23 1
                                    

Boderline..

Kiss me two times..

ဒီနေ့ကျောင်းကိုidolတစ်ယောက် လာမယ်ဆိုလို့ ပြင်ဆင်နေရတယ်။ ဘာအတွက်လာမှာလဲဆိုတာတော့ WuYifanမသိဘူးရယ်။ အကြောင်းကတော့ အစည်းအဝေးအခန်းထဲ အငိုက်လွန်သွားခြင်း ကြောင့်ပင်။

သူများတွေကပြင်ဆင်တော့ ကိုယ်ပါလိုက်ပြင်ဆင် ရတာပေါ့.. idolနာမည်တောင်မမေးဖြစ်ပါဘူး...

"ဆရာWu!......"

"Nae?....."

"ဆရာကပဲ ဧည့်သည်ကြိုပေးပါဦး ဒီမှာကအလုပ်နည်းနည်းကျန်သေးလို့...."

"အာ.. သူတို့ကရောက်တောင်ရောက်နေပီလား"

"ဟုတ်တယ် ရောက်တော့မှာ ဟော ရောက်လာပီ...."

ပြောရင်းဆိုရင်မှ ကျောင်းဝင်းထဲဝင်ချလာသော Alphard ကားအနက်ရောင်ကို မေးငေါ့ပြတယ်.

Krisလည်းအမြန်ပြေးဆင်ကာ ကြိုရတော့တာပေါ့...

ကားအနက်ကအရမ်းကိုမိုက်တာ အဝေးကြည့်တော့ Alphardပုံစံမျိုး ဒါပေမဲ့မဟုတ်ဘူးဟ... ဈေးကြီးမဲ့ပုံမျိုး...

ကြည့်နေရင်းမှာ ကားခေါင်းခန်းမှ လူတစ်ယောက်ဆင်းလာတယ်။ ပီးတော့ နောက်ခန်းတံခါးကိုဖွင့်တယ်....

Shoeဖိနပ်အနက်ရောင်ကပြောင်လက်နေတာပဲ။made in French လောက်ရှိမယ်ထင်တယ်။ အော် သူတို့ကြတော့လည်း....

Kris Wu မသိမသာကိုယ့်ဖိနပ်ကိုယ် ပြန်ငုံ့ကြည့်မိတယ်။ အဖြူရောင် sneakers လေး...

ဟင်း.....

အနီရောင်ဝတ်စုံပြည့်နဲ့ ထွက်လာတဲ့သူ....

ခဏ... ဒီလူကိုမြင်ဖူးနေသလိုပဲ..

အေ့ပေါ့လေသူကidolတစ်ယောက်ဆိုတော့ ပို့စတာတွေ ဘာတွေမှာ မြင်ခဲ့ဖူးတာလည်း ဖြစ်နိုင်တာပဲ...

ကျောင်းရှေ့ကသူ့Fanတချို့ကို ပြုံုးပြရင်းနဲ့ ကျောင်းထဲဝင်လာတယ်။ လူချင်းတူတူကို သူလမ်းလျှောက်တဲ့ပုံက ဘာလို့ဒီလောက်ခမ်းနားနေ မှန်းကိုမသိဘူး..

BODERLINEWhere stories live. Discover now