မြတ်နိုးရပါသောကောင်လေး
ရှိင်းရဲ့ဘဝမှာ မိမိသာပထမ မိမိသာဒုတိယ မိမိသာတတိယ
စသဖြင့် ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်ခဲ့မိသည်တစ်ဦးတည်းသောသားဖြစ်သောကြောင့်လားမသိ
အရာရာတိုင်းတွင် အနိုင်အရှုံး ရှိသည်ကိုသိသော်လည်း
အနိုင်တခုသာလိုချင်ခဲ့သည်
ထို့ကြောင့်လည်း
ငယ်စဉ်ကတည်းက ခု၁၀တန်းရောက်သည်အထိ
အရှုံးဆိုသည်ကို လက်မခံခဲ့ရပါ
ပြိုင်ခဲ့သမျှ ပြိုင်ပွဲတိုင်းတွင်လည်း
ဆုများကသာ စောင့်ကြိုနေခဲ့သည်
လူတွေအမြင်မှာတော့ရှိင်းကအရာရာပြီးပြည့်စုံနေသည်ပေါ့ပညာရေးစုံညီပွဲတော်၌ ထူးချွန်ကျောင်းသားများအား
ဆုအသီးသီးချီးမြှင့်နေလေသည်..စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသောမောင်နေရှိင်း
ဆုလက်ခံရန် စင်ပေါ်သို့တက်ရောက်ပေးပါ ...
ရှိင်းဆုယူနေစဉ် အားလုံးကအားကျသောမျက်ဝန်းများနှင့်
ကြည့်နေကြသော်လည်း ရှိင်းစိတ်ထဲဝယ်
မပျော်နိုင်ဘဲ အထီးကျန်မှုကိုသာခံစားနေရလေသည်
👏👏👏👏👏👏👏ထိုသို့ အရာရာတိုင်းတွင်အနိုင်ရ ရှိခြင်းကိုသာ
အလေးထားသည့် ရှိင်း အတွက် ရရှိလိုက်တာကတော့
ဆုပေါင်းများစွာရှိသော်လည်း
မိတ်ဆွေအပေါင်းအသင်းမရှိခြင်းပါ
ထို့ကြောင့် နိုင်သည့်အခါတိုင်း အပြင်ပန်းက ပျော်ရွှင်နေသည်ဟု
ထင်ရသော်လည်း ကိုယ့်ရဲ့ စိတ်ထဲမှာ အထီးကျန်နေရတာကို
ရှိင်းကိုယ်တိုင်သာအသိဆုံးပါမိဘတွေကတော့ဂရုစိုက်ပါတယ်
သားလေးတစ်ယောက်တည်းရှိတာကို
အလိုလိုက်ကြတာလည်းလွန်ရော
ရှိင်းကဒါဆိုဒါဘဲ
မျက်နှာတချက်မညိုးစေရ
ဒါကြောင့် အရာရာတွင်တော်သော်လည်း
လူမှုဆက်ဆံရေးပိုင်းတွင်
အောက်ဆုံး levelမှာသာရှိလေသည်အခြားသူများကခင်မင်ရင်းနှီးချင်သော်လည်း
နဂိုတည်တံ့သောမျက်နှာနှင့်မိဘတို့ ၏ဂုဏ်ရှိန်ကြောင့်
အရောတဝင်မနေရဲကြပေဒါကြောင့်ဘဲ ရှိင်းအသက်၁၅နှစ်ရှိပြီဖြစ်သော်လည်း
သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပါ
![](https://img.wattpad.com/cover/213405943-288-k869395.jpg)
YOU ARE READING
ချစ်သောဆရာ( ချစ်သောဆရာ)
Cerita Pendekကျွန်တော့်ရဲ့ တဇောက်ကန်းအချစ်တွေကို ထုတ်မပြပါရစေနဲ့ ဆရာ ကျွန်တော့်ရဲ့ တဇောက်ကန်းအချစ်တွေကို ထုတ်မပြပါရစေနဲ့ဆရာ