Courting the Engineer (1/2)

233 13 5
                                    

Unicode Ver

ဘန်ကောက် မြို့ ညနေ ၇နာရီ ဆိုသည်မှာ တိမ်ထူထူ ကောင်းကင်ကြီး တစ်ပြင်လုံး နက်ပြာရောင်သမ်းကာ ညဉ့်နက်စပြုလာသောအချိန် ဖြစ်သည်။ ယနေ့အဖို့ အနားယူသွားပြီဖြစ်သော နေရောင်ခြည်အစား Kasetart တက္ကသိုလ်လမ်းမတစ်လျှောက် တွင် ရှိသော ဓာတ်တိုင်များ​မှ အလင်းရောင်က တာဝန်လွှဲပြောင်းယူပြီးချိန် လည်းဖြစ်သည်။

သာမာန်အားဖြင့် ဌာန အသီးသီးမှ အတန်းများသည် ညနေ ၅နာရီ နောက်ဆုံးထား၍ ပြီးဆုံးသည်ဖြစ်သော်လည်း စက်မှု အင်ဂျင်နီယာဌာနဆောင် ​၏ လက်တွေ့ခန်းတစ်ခုထဲတွင်တော့ နောက်ဆုံးနှစ် ကျောင်းသားတချို့ Project လုပ်ရင်းကျန်ရှိနေသေးသည်။

"Ai' Tae, နက်ဖြန်မှ ဆက်လုပ်ရအောင်ကွာ။ တော်တော် ပြီးသလောက်ရှိနေပါပြီ။ အင်ဂျင် စမ်းပြီး Report တွက် နက်ဖြန် အတန်းပြီးမှ အချောသတ်ကြတာပေါ့။" ဝက်အူလှည့်ကို ဘေးချကာ ဝတ်ထားသော လက်အိတ်ကို ချွတ်လိုက်ရင်း Mew ဆိုသည်။

"ဒီည အပြီးစမ်းလိုက်မယ်ကွာ။ သိပ်မှ မကျန်တော့တာ တစ်ရန် ငြိမ်းတာပေါ့။" Engine Structure Model ဆီ က မျက်လုံးမခွာပဲ သူပြန်ပြောဖြစ်သည်။

"မင်းက ပြီးချင်ဇောများနေတာ အရေးမကြီးဘူး။ အခန်းအပြင်မှာ စောင့်နေတဲ့ သူများ သားသမီးကိုလည်း အားနာပါဦး။ သူ့ခမျာ အတန်းပြီးကတည်းက အပြင်က ခုံတန်းမှာ ကော်နဲ့ ကပ်ထားသလိုပဲ။" Mew ပြီတီတီ ပြုံးပြီး မေးငေ့ါပြရာ ပြတင်းပေါက်ကို တစ်ချက်ငဲ့ ကြည့်လိုက်တော့ တံခါးဘောင်ပေါ် မှီထားတဲ့ ခေါင်းနက်နက်တစ်လုံး။ ဘယ်သူလည်း ဆိုတာ မျက်နှာ မမြင်ရသော်လည်း သူသိနှင့်နေပြီမို့ သက်ပြင်းသာ ချနိုင်သည်။

ဒီကောင်လေးနဲ့တော့ ခက်သည်။

သို့သော်လည်း သူ ထပ်ပြီး စောဒက မတက်မိ။ တပ်ထားတဲ့ မျက်မှန်ကို ချွတ်ကာ စက်ဆီများပေကျံနေသော လက်ကို ခုံပေါ်က အဝတ်ဖြင့် သုတ်ပြီး-

"နက်ဖြန် ၃နာရီ အရောက်နော်။ ဟိုကောင် ကမ္ဘာကြီးကိုလည်း ပြောလိုက်ဦး။ ထပ် လစ်လို့ကတော့ ငါနဲ့တွေ့မယ်လို့။"

"Yes Sir!" ရွှတ်နောက်နောက် ဘော်ဒါကို မနိုင်ဘူးဆိုတဲ့ အကြည့်နှင့် ခေါင်းခါပြပြီး ၂ယောက်သား သိမ်းစရာရှိတာများ သိမ်းဆည်းပြီးသည်နှင့် အပေါ်ဝတ် Engineering Jacket ကို ကျောပေါ်တင်၍ တစ်ဖက်မှ လွယ်အိတ်ကို လွယ်ကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 29, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Gear For My ValentineDonde viven las historias. Descúbrelo ahora