cigarettes

1.5K 241 17
                                        

[ Zawgyi]

ဂျုံအင်း မတရားဘူးလို့ခံစားခဲ့ရသလိုပါပဲ။ ဆယ်ဟွန်းရဲ့နေ့ရက်တွေက နောက်ကျတဲ့ရုံးတက်ချိန်တွေနဲ့ သာမာန်ပဲလည်ပတ်နေခဲ့တယ်။ ထူးခြားတာဆိုလို့ ဂျုံအင်းမရှိတော့တာပဲပါပြီး ညစာကိုအပြင်မှာစားလာရတာရယ်... တချက်တချက်ထသတိရတာရယ်ပေါ့... ဒါပေမယ့် တချက်တချက်ပါပဲ ဂျုံအင်းလို ဘာမှမလုပ်နိုင်မကိုင်နိုင်တာမျိုးမဟုတ်ဘူး...

ညတချို့က club ရောက်နေတတ်တယ်။ သောက်ချင်သလောက်သောက် မူးချင်သလောက်မူးပြီး အိမ်ပြန်ရင်စောင့်နေမယ့်လူလည်းမရှိတာမို့ နောက်ဆံတင်းစရာမရှိဘူး။ အဲ့လိုတကယ်မူးသွားရင်ကောင်းမှာ ဒါပေမယ့်အဲ့လိုမူးမယ့်အစား မိန်းကလေးတစ်ယောက်နဲ့ပြန်ထွက်လာရတာက ဆယ်ဟွန်းအတွက်အဆင်မပြေစေဘူး။ အဝင်လေးနည်းနည်းကောင်းတာနဲ့ ရုံးကတ်ပေးမိလိုက်တာ အခုတော့ အဲ့ကောင်မလေးနဲ့ ဒိတ်ပေးနေရတယ်ပေါ့...

ကော်ဖီသိပ်ဆာနေပြီ ကော်ဖီသောက်ချင်တယ်
ဒါပေမယ့် လက်ကအိတ်ထဲကဆေးလိပ်ဘူးကိုသွားစမ်းနေမိတယ်။ တွေ့ကရဆိုင်ကကော်ဖီက ဆယ်ဟွန်းကို နေရထိုင်ရခက်အောင်ပဲ စွမ်းဆောင်နိုင်ပြီး တစ်ခုခုမှာအာရုံစိုက်ပြီး တက်တက်ကြွကြွဖြစ်အောင် မစွမ်းဆောင်နိုင်ဘူး

ဂျုံအင်း ကော်ဖီဖျော်ပေးတတ်တာကို သတိရပေမယ့် ပြင်းပြင်းထန်ထန်တော့မဟုတ်ပါဘူး... အကြာကြာကြီးသိလာတဲ့ လူတစ်ယောက်ကို သတိရတာအဆန်းမှမဟုတ်တာ

ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးခြစ်ခြစ်လိုက်တယ်။
" ဆယ်ဟွန်းဆေးလိပ်တွေမသောက်ပါနဲ့ဆို "
မီးမစွဲခင်မှာပဲ အသံတစ်သံကြောင့် ကျွန်တော့ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တယ်။ ဘယ်သူမှမတွေ့ပေမယ့် သက်ပြင်းနည်းနည်းချပြီး ဆေးလိပ်ကိုနှစ်ဖွာနဲ့အပြီးသတ်လိုက်တယ်။ ပြီးတော့ နောက်ထစ်လိပ်မီးထပ်ညှိတယ်။ ဒီညလည်း လန့်နိုးအုံးမယ်ထင်ပါတယ်။

အခုတလောထူးထူးဆန်းဆန်း အရင်တုန်းကအချိန်တွေကိုအိမ်မက်မက်ပြီးနိုးနိုးလာရတယ်။ နိုးလာရင် အိမ်မက်ကိုသိပ်မမှတ်မိပေမဲ့ အရမ်းဝမ်းနည်းစရာကောင်းပြီး တစ်ခုခုကိုဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကလူကိုဆိုးရွားစေတာပဲ... အကျင့်သိပ်ပါနေတာကြောင့် အလိုလိုဘေးက ခေါင်းအုံးကိုလှည့်ကြည့်လိုက်ပေမယ့် ဂျုံအင်းမှမရှိတာ... အင်း သူမရှိဘူး

coffee n cigarettes Where stories live. Discover now