ဒီနေ့က ကျောင်းပိတ်ရက်မို့ ဘတ်ဟျွန်း တယောက်
အိမ်ထဲမှာပဲ အချိန်ဖြုန်းဖို့ စဉ်းစားထားပေမဲ့ ညနေ
စောင်းမှ ဖုန်းဆက်ပြီး တွေ့ကြဖို့ ခေါ်တဲ့ အကိုတစ်
ယောက်ကြောင့် အင်္ကျီလဲပြီး ပြေးထွက်ခဲ့ရသည် ။
တခြားသူသာဆို ငြင်းလိုက်ပေမဲ့ ငယ်ငယ်ထဲက အ
ရမ်းကြောက်ခဲ့ရတဲ့ အကိုဝမ်းကွဲမို့ ဘတ်ဟျွန်း ချက်
ချင်းပဲ ပြေးသွားခဲ့ရသည် ။ ဖုန်းနဲ့ တွေ့မဲ့နေရာလိပ်
စာကို ပို့ပေးလိုက်တာမို့ တက္ကစီစီးပြီး သွားလိုက်ရ
သည် ။ ရောက်သွားတော့ အချိန်က ခြောက်နာရီခွဲ။ဆိုင်ထဲရောက်တော့ အကိုဝမ်းကွဲ ဂျူမင်းက လက်
လှမ်းပြတာမို့ ဘတ်ဟျွန်း သွက်သွက်ကလေး ပြေး
သွားကာ ခါးကိုင်းလို့ နူတ်ဆက်လိုက်သည်။ အကို
ဂျူမင်း တဦးထဲတော့မဟုတ်ဘဲ သူ့အပေါင်းအသင်း
နှစ်ယောက်ပါ ရှိနေသေးသည် ။ အကိုဂျူမင်း ထိုင်
ခိုင်းတဲ့ ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် အကိုဂျူမင်းက
သူ့အပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးလာသည် ။" ဒါက ငါ့ညီဝမ်းကွဲ ဗြောင်ဘတ်ဟျွန်းတဲ့ ဘတ်ဟျွန်း ဒါက ငါ့သူငယ်ချင်းတွေ နူတ်ဆက်လိုက် "
ခေါင်းလေး ငုံ့လို့ အပြုံးလေးနဲ့ ရိုရိုသေသေ နူတ်
ဆက်တဲ့ ကောင်လေးကို ဂျူမင်းသူငယ်ချင်းတွေက
ခပ်ပြုံးပြုံး ။ ဂျူမင်းရဲ့ သူငယ်ချင်းတွေက အရပ်ရှည်
ပြီး ကြည့်ကောင်းတဲ့သူတွေချည်းပဲ ။" အင်ဂျယ်ဟျွန်း အဲ့လောက် ကြည့်မနေနဲ့ အဲ့တာ
အထက်တန်းကျောင်းသားပဲ ရှိသေးတယ် "နှစ်ယောက်ထဲက ပိုပြီးကြည့်ကောင်းတဲ့ တယောက်
ကို အကိုဂျူမင်းက ပြောလိုက်တာမို့ မသိမသာ အ
ကဲခတ်ကြည့်မိတော့ အဲ့ဒီအင်ဂျယ်ဟျွန်းဆိုတဲ့ အကို
က ကျွန်တော့်ကို ပြုံးပြီးကြည့်နေခဲ့သည် ။ ပြီးတော့
သုံးယောက်သား ရယ်မောကြပြန်တော့ နားမလည်တဲ့
ကျွန်တော်ကပဲ ကြောင်တောင်တောင် နဲ့ လိုက်ငေး
ရတော့သည် ။" ဘာရယ်တော့မဟုတ်ပါဘူး မေမေက မင်း ဒီမှာ
ကျောင်းတက်နေတယ် တွေ့လိုက်ဦးပြောတာနဲ့ ခေါ်
လိုက်တာ အကုန်အဆင်ပြေတယ်မလား "