မိန်းကလေးတစ်ယောက်နဲ့ ပြုံးပြုံးရွှင်ရွှင် စကားပြောခဲ့တဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်က သိပ် မ
ကြည်ချင် ။ ကန်တင်းမှာလဲ လက်ကြီးပိုက် ၊ခါး ကို
မတ်ကာ ထိုင်နေပြီး ကြုံ့ထားတဲ့ မျက်ခုံးတွေကြောင့်
ဘတ်ဟျွန်းက ရိပ်မိပေမဲ့ ဘာကြောင့်မှန်းရယ်မသိ ။
ရီရှင်းကတော့ သူနဲ့မဆိုင်သလို နေနေပေမဲ့ မနေနိုင်
သူက ဂျုံအင်က ရှိသည် ။ ကော်ဖီတစ်ငုံ သောက်
လိုက် ၊ ချန်းယောလ်နဲ့ဘတ်ဟျွန်း အခြေအနေကို
တလှည့်စီ အကဲခတ်နေတဲ့ ဂျုံအင်ကို ခုံအောက်က
နေ မသိမသာ ခြေထောက်ကို တက်နင်းပြီး ရီရှင်းက
တော့ အံကြိတ်ပြပြီး သတိပေးရှာသည် ။ တုံးအသူ
လို့ အမည်ပေးချင်စရာကောင်းအောင် တုံးတဲ့
ဘတ်ဟျွန်းက ချန်းယောလ် ဘာဖြစ်နေသလဲဆိုတာ
ကို ရီရှင်းနဲ့ဂျုံအင်ဆီ မျက်နှာရိပ်မျက်နှာကဲ ပြကာ
မေးတော့မေးရှာသည် ။" သောက်ကြပါ စားကြပါကွာ ပြီးရင် အတန်းတက်ရ
ဦးမယ် လခွမ်းထဲမှပဲ တစ်ယောက်မျက်နှာ တစ်
ယောက်ထိုင်ကြည့်နေရ ငါတော့ သွားပြီဟေ့ရီရှင်းရေ အသည်းလေး ပိုက်ဆံလေးရှင်းပေးပါဦး "
လွယ်အိတ်ယူပြီး ဝရုန်းသုန်းကား ပြေးထွက်သွားတဲ့
ဂျုံအင်ကြောင့်ရီရှင်းတစ်ယောက် လှမ်းဆွဲချိန်တောင်
မရလိုက်ဘူး ။ ကန်တင်းမှာ ဂျုံအင် စားစားသမျှကို
သူချည်း ဒိုင်ခံရှင်းပေးနေရတာ သိပ်တော့ မဟုတ်
သေးဘူး ။မင်းက ငါ့အဖေမို့လို့လား ၊ မင်းက ငါ့မိန်းမမို့လို့လားလို့ အော်ဆဲချင်ပေမဲ့ ဆဲချင်တဲ့ အရိုင်းစိုင်း
စိတ်ကလေးကို ရုပ်ရည်လေးနဲ့က ထိန်းရသေးတယ်။" အံ့သြတယ် ဒီကောင်နဲ့ငါ ဘာကြောင့်များ သူငယ်
ချင်း လာဖြစ်ရတာလဲ ခွေးကောင် ချီးလိုပဲနံတယ် "ရီရှင်းက ပါးစပ်လှုပ်ရုံကလေးနဲ့ စုံစိအောင် ဆဲနေ
တော့တာပဲ ။အတန်းထဲ ပြန်ပြေးတဲ့ ဂျုံအင်ကတော့
ဘယ်နေရာမှာ မှောက်ယက် လဲနေတော့မလဲမသိ ။" ဘတ်ဟျွန်း တချိန်လုံး ပတ်ချန်းယောလ်မျက်နှာ
ကိုပဲ ထိုင်ကြည့်နေမယ်ဆိုရင် နေခဲ့လိုက်တော့ "