*fangirl*

133 25 1
                                    


*** ***

#မိန်းမသားယောက်ရဲ့ချစ်ခြင်းမှာ နှစ်မျိုးပဲရှိတယ်

အချစ်ခံချင်တဲ့သူနဲ့

ကိုယ်ကချစ်ချင်တဲ့သူ

ကျွန်မကတော့ ကိုယ်ကပဲချစ်နေရရင်ကိုကျေနပ်နေမယ့်သူမျိုး...

တစုံတယောက်ကိုချစ်မိတဲ့အခါ

သူ့ကြောင့်တဲ့ပျော်ရွှင်မှုသေးသေးလေးက

သူ့ကြောင့်ကျတဲ့မျက်ရည်အိုင်တွေကို

စုပ်ယူသွားလိမ့်မယ်...

ပိုင်ဆိုင်ချင်တယ်သာ တဖွဖွပြောနေပေမယ့်

တကယ်တမ်း မပိုင်ဆိုင်ရက်လေဘူး

တန်ဖိုးထားရခြင်းလို့ပဲ ခေါ်မလား...

ကိုယ့်ကိုကြည့်နေမယ့် အကြည့်တချက်မှာ

မျက်ရည်ကျဖူးချင်တယ်...

ဝေ့ပြနေတဲ့ လက်တစုံနဲ့

ထိတွေ့ဖူးချင်တယ်...

နာမည်ဘယ်သူလဲလို့ မေးတဲ့အခါ

မှားယွင်းစွာသူရေးပေးမယ့်နာမည်လေးက

သူပေးတဲ့ကျွန်မရဲ့ နာမည်အသစ်လေးပေါ့...

ကမ္ဘာကြီးက ထောင်ပေါင်းများစွာလည်ပတ်ပြီးတဲ့နောက်

တဖြည်းဖြည်း နောက်ကိုရောက်သွားတဲ့ ဓာတ်ပုံအဟောင်းလေးတွေ ပြန်ရှာတွေ့တဲ့အခါ

အဲဒီအချိန် ထပ်ပြီး ကိုယ်ငိုကြွေးပါ့မယ်...

ခင်များကို ထပ်ပြီး ပြုံးပြနေပါအုံးမယ်...

ပြီးတော့ ပြန်ပြောပြမယ်

ခင်များက ဘယ်လောက်တောက်ပနေခဲ့သလဲဆိုတာ...

Listener......Where stories live. Discover now