*cat in a jail*

93 21 0
                                    


*** ***

ညိုညစ်ညစ်ကိုယ်ရောင်ကိုယ်ဝါတွေကို တောက်ပချင်ယောင်ဆောင်နေတဲ့ ကြောင်တစ်ကောင်လိုပေါ့…

ခပ်ရိုင်းရိုင်း မာနထောင်နေတဲ့ ကြောင်တစ်ကောင််ကို
လူတွေက အထင်ကြီးတတ်ကြတယ်

လက်သည်းတွေကိုညှပ်ပစ်လိုက်ကြတိုင်း နံရံကခြစ်ရာတွေက လျော့သွားမှာမှမဟုတ်တာ

လျှောက်ခြစ်ထားတာတွေတော့မဟုတ်ပါဘူး
ဖြည့်သိမ့်ထားတာတွေလေ မွန်းကြပ်မှုလေထုကြီးအောက်ကလို့ locationပြရမှာပေါ့…

လှုပ်ရှားဖို့အတွက်အကြောင်းရင်းရှာမရတဲ့အခါ
အအိပ်အစားဆိုတာက နှစ်ချီလာမယ့်ငရဲလိုဖြစ်လာတယ်

လွတ်မြောက်အလျင်ကတော့ လူတွေပြောတဲ့ အချစ်နဲ့တွေ့ခင်အထိပေါ့

ကိုယ့်ကိုကိုယ်ကျေနပ်နိုင်တဲ့လူတွေကြားထဲ ကြောင်တစ်ကောင်ရဲ့ ကမ္ဘာကြီးကတော့ လုပ်စရာများများစားစားရှိဘူးရယ်

မျက်စိကိုမှိတ် နားကိုပိတ်ပြီး ကိုယ့်လက်တွေအပေါ်လာဖမ်းဆုပ်ထားတဲ့ အထီးကျန်လက်တစုံရဲ့အောက် ကနေလိုက်ယုံသာ…

ချစ်ဖို့ကောင်းတယ်လို့ပြောကြတဲ့အခါ အနောက်မှာအသင့်ဖြစ်နေတဲ့ အမြီးလေးကိုယမ်းပြလိုက်ယုံသာ

နောက်တော့ အ့လူတွေကပဲ သူတို့လုပ်ချင်သလိုလုပ်ပြီး ခါချပစ်ကြပြန်တယ်

အ့တော့လည်း အရင်နေရာထောင့်လေးမှာ ပြန်ခွေနေလိုက်ယုံပဲပေါ့

အစစ်အမှန်ကိုရှာတွေ့သေးခင်အထိတော့
အတုအယောင်တွေနဲ့ပျော်မွေ့အုံးမှာပဲ

Listener......Where stories live. Discover now