Final

8.9K 642 23
                                    

<<Unicode>>


မင်္ဂလာဝတ်စုံရွေးရန် ၂ယောက်သားထွက်လာခဲ့လိုက်ကြသည်
ဆိုင်ကိုရောက်တော့

"ငယ်ဘာအရောင်ဝတ်မှာလဲ"

"အဖြူပဲဝတ်ချင်တာဂျွန်"

"ငယ့်သဘော ကြိုက်တဲ့ဒီဇိုင်းလေးရွေး"

"ဂျွန် ဒါလေးဘယ်လိုနေလဲ"

"ငယ်ကြိုက်ရင်ကိုယ်ကကြိုက်ပီးသား"

"အကိုဝတ်ကြည့်မှာဆို ဒီဘက်ကိုလိုက်ခဲ့ပါ"

"အင်း"

ဝတ်စုံသွားဝတ်ကြည့်နေတော့ စာအုပ်ဖတ်ရင်းခုံမှာထိုင်ကာစောင့်နေလိုက်သည်
ခဏကြာတော့ လိုက်ကာစကိုဝန်ထမ်းမလေးတွေဖွင့်လိုက်ချိန်
**ဒါ ဒါက ကျွန်တော့ရဲ့ငယ်တဲ့လား
ကျွန်တော်ပိုင်ဆိုင်ရတော့မယ့် ကျွန်တော့ရဲ့ငယ်
မိုးပေါ်ကနတ်သားလေးနတ်သက်ကြွေလာသလိုပါပဲ လှရက်လွန်းတယ်~~**

"ဂျွန်!"

ကျွန်တော်သတိလက်လွတ်ငေးနေမိတာကျွန်တော့ရဲ့အသည်းအသက်လေးကနှုတ်ခမ်းလေးတောင်ဆူထွက်နေပီ
ဆူနေမှာပေါ့ ဝန်ထမ်းမလေးတွေပါရီနေကြတာကိုး

"လိုက်ရဲ့လားလို့မေးနေတာကို"

"အရမ်းလှတယ်ငယ်"

"ပီးရော ဒါပဲယူတော့မယ်"

အဲ့နှုတ်ခမ်းဆူထားတာကြီးလျှော့သင့်နေပီ
အရမ်းတွေအသည်းယားနေပီနော် နောက်မှကိုယ့်အဆိုးမဆိုနဲ့

လက်စွပ်ရွေးတဲ့ဆိုင်ရောက်တော့

"ဂျွန်ရွေးလိုက်"

"ငယ်ပဲရွေးပါ"

"ငယ်ကဝတ်စုံရွေးပီးပီ အခုဂျွန်ကလက်စွပ်ရွေး"

"ဟုတ်ကဲ့ပါဗျ"

ရိုးရိူးရှင်းရှင်းလက်စွပ်တစ်ကွင်းရွေးလိုက်ကာဆိုင်အပြင်ကိုအထွက်

"အကို"

"အမ်? "

"မမှတ်မိတော့ဘူးလားကျွန်မကို"

"ဘယ်သူ?"

"ဟိုတစ်ခါရုပ်ရှင်ရုံမှာတုန်းကလေ ကော်ဖီဖိတ်သွားတော့အကို့အင်္ကျီငှားတာကော"

𝑴𝒚 𝒆𝒚𝒆𝒔 𝒂𝒓𝒆 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 '𝒀𝒐𝒖' *Completed*Donde viven las historias. Descúbrelo ahora