တိမ်လွှာ ဘယ်မှာလဲ....(episode 2)
-------------------------------'ချာတိတ်....´
အမယ်လေး....။ ML ထဲဝင်ဝင်ချင်း message box က နိုတီပြနေ၍ ဝင်ကြည့်မိရာ မနက်က သူသွားဆဲထားသော ဖိုးပြုံးချို ဆီကဖြစ်နေသောကြောင့် ကြောက်အားလန့်အား ဘုရားတမိသွားလေသည်။ ပြီးတော့ ထိုသူက တိမ်လွှာအား ဖော်လိုးလုပ်ထားသေးသည်။ ပရိုဖိုင်ပုံကို နှုတ်ခမ်းတစ်ခုလုံးအထက်အောက်အစွမ်းကုန်လှန်ကာ zoom ဆွဲ၍ရိုက်ထားသောကြောင့် ကလေးအင်မတန်ဆန်သည့် လူငယ်တစ်ဦးမှန်း ထိုသူအတတ်သိသွားလောက်ပေသည်။ ထို့ကြောင့်သာလည်း ချာတိတ်ဟုခေါ်ဆိုလာခြင်းဖြစ်မည်။
မနက်ကသာ စိတ်အခန့်မသင့်၍ ပြောမိပြောရာပြောလိုက်မိသော်လည်း ခုများကြ ဟိုဘက်က ပြန်ပြီးဆဲမှာကို တိမ်လွှာကြောက်နေမိသည်။ ဘာပြန်ပို့လိုက်ရမလဲဟင်။ တစ်ဖက်က အွန်လိုင်းဖြစ်နေ၍ သူပြန်ပို့လိုက်သည်နှင့်စာတန်းပြန်လာမှာသေချာနေသည်။
'inn´
အလိုက်သင့်ပြောလိုက်သော်လည်း သူလန့်နေသည်ကို တစ်ဖက်ကသိသွားမှာလည်း ရှက်ရွံ့မိသည်။
'play together´
တော်သေးသည်။ မှန်းထားသလို တစ်ဖက်ကပြန်မဆဲ၍ စိတ်သက်တောင့်သက်သာ ဖြစ်သွားရသည်။ သို့သော်လည်း အိုနာကျိုးကန်း MM player နှင့်သူတွဲမဆော့ချင်။
'I'm busy´ ဟုသူပြန်ပို့လိုက်သည်။
'plz fb acc´
ကြည့်စမ်း....ရဲတင်းလိုက်တာ။ ဘာရယ်ကြောင့်သူက facebook acc ကိုတောင်းနေရသနည်း။ မနက်ကကိစ္စအတွက်နဲ့ facebook မှာပါ tag တွဲပြီးရန်စချင်၍များလား။ ဒါမှမဟုတ် မိတ်ေဆွဖွဲ့ချင်၍များလား။ မဟုတ်သေးပါဘူး။ မိတ်ဆွေဖွဲ့ရအောင် နှစ်ယောက်ကြုံကြိုက်မှုကလည်း ကောင်းခြင်းသဘောနှင့်သက်ရောက်ခဲ့သည်မဟုတ်။ တစ်ဖက်ကတောင်းသလို သူပြန်မပို့မိပါ။
YOU ARE READING
~ တိမ္လႊာ ဘယ္မွာလဲ ~
Romanceage gap အရမ်းကြိုက်တဲ့ ကျွန်တော့်အတွက် တစ်ခါမှ မရေးဖူးတဲ့ age gapမျိုးပါ😁😁😁 အသက်၂၀လောက်ကွာခြားမှုကြားက ရိုဆန်ဆန်ချစ်ခြင်းနှင့် angst နည်းနည်းပါပါမယ် #BL, #Romance, #Angst, #Age_gap