တိမ်လွှာ ဘယ်မှာလဲ....(episode 5)
-------------------------------ဦးဆီက အချစ်ကိုရယူရန် အစွမ်းကုန်ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက်ချပြီးသည့်နောက်ပိုင်းမှ အင်ကြင်းမြိုင်ဆိုင်သို့ တိမ်လွှာ ပထမဆုံးပြန်လည်ေရာက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ တကယ်တော့ ဟော့ပေါ့စားမည်ဟူသော အကြောင်းပြချက်နှင့်မဟုတ်ပဲ လမ်းကြုံ၍ဟူသော အကြောင်းပြချက်ဖြင့် ဆိုင်ကယ်တက္ကစီနှင့်တကူးတက အိမ်မှထွက်လာခဲ့ခြင်းဖြစ်သည်။ သူရဲ့အကြောင်းပြချက်သည် မုသားဆန်နေမှန်း ဦးရိပ်မိမှာသေချာပါသည်။ ထိုသို့ရိပ်မိအောင်လည်း သူတမင်လုပ်ခဲ့ြခင်းဖြစ်သည်။ လူတစ်ယောက်ရဲ့မုသားစကားတစ်ခွန်းက မုသားအပြောခံရသူအပေါ် မရိုးသားဘူးဆိုတာ ပေါ်လွင်စေသည်မဟုတ်လား။ ဦးအပေါ်တွင် သူ့စိတ်တွေမရိုးသားဘူးဆိုသည်ကို သွယ်ဝိုက်၍တစ်မျိုးတစ်ဖုံပြလိုက်ခြင်းဖြစ်ပါသည်။ ခုချိန်ကစ၍ မုသားတော်တော်များများနှင့် သူအကျွမ်းတဝင်ရှိနေဖို့လိုအပ်သည်။
တသိမ့်သိမ့်ခုန်နေသည့် သူ့ရင်ခုန်သံကို အားတင်းကာပြန်ဖြေလျော့လိုက်သည်။ သူ့ရင်ခုန်သံတွေ ဦးမကြားစေရ။ စိတ်လိုလက်ရ သူ့အပြုအမူတွေကို ဦးမမြင်စေရ။ ဖာသိဖာသာသာ ဆိုင်အတွင်းဝင်လာပြီး ကောင်တာတွင်ထိုင်နေသော ဦးကိုပါ မမြင်ချင်ယောင်ဆောင်ပြစ်လိုက်သည်။
"သားရေ...တိမ်လွှာ....ဦးက ဒီမှာ...."
ဆိုင်အတွင်း ဝေ့ဝဲကြည့်နေသည်ကို ဦးမြင်သွားပုံရသည်။ ဆတ်ခနဲ သူပြန်လှည့်ပြီးနောက် မထိတထိလေးသူပြုံးလိုက်သည်။ ပါးဖောင်းယုံလေးပါ။ လူအများကခုလိုပြုံးလျှင် သူ့ကိုချစ်ဖို့ကောင်းသည်ဟုဆိုကြလေတော့ ဦးအရှေ့တွင် မထိတထိအကြိမ်ရေခပ်များများပြုံးနေရမည်။
"ဟော့ပေါ့လာစားတာလား...."
"မဟုတ်ပါဘူး လမ်းကြုံလို့ဝင်လာတာ..."
YOU ARE READING
~ တိမ္လႊာ ဘယ္မွာလဲ ~
Romanceage gap အရမ်းကြိုက်တဲ့ ကျွန်တော့်အတွက် တစ်ခါမှ မရေးဖူးတဲ့ age gapမျိုးပါ😁😁😁 အသက်၂၀လောက်ကွာခြားမှုကြားက ရိုဆန်ဆန်ချစ်ခြင်းနှင့် angst နည်းနည်းပါပါမယ် #BL, #Romance, #Angst, #Age_gap