တိမ်လွှာ ဘယ်မှာလဲ....(episode 4)
-------------------------------မလာတာကြာပြီနော်တဲ့...။ တကယ်တော့ သူ ဒီဆိုင်ကိုမရောက်ုဖြစ်တာ သုံးရက်ပဲရှိပါသေးသည်။ ဒါကိုတောင် ဦးက အကြာကြီးလို့တွေးတတ်နေပြီလား။
"အင်း...အိမ်မှာပဲလေ၊ စားလိုက်သောက်လိုက် အိပ်လိုက်နဲ့အချိန်ပိုတယ်ကိုမရှိပါဘူး...၊ အဲ့ဒါကြောင့်မလာဖြစ်တာ "
ဟန်ရေးလုပ်ကာပြောရင်း သူ့ကိုယ်သူ သဘောကျစွာခိုးခိုးခစ်ခစ်ပြုံးရယ်မိသွားသည်။ အက်တင်ခံပြီး ဒီကိုမင်းမရောက်လာပေမဲ့ မင်းရဲ့အတွေးတွေက ဒီဆိုင်မှာပဲ တစ်ဝေ့ဝေ့လည်နေတာ ဦးကမသိဘူးလို့ မင်းထင်နေတာလား တိမ်လွှာမင်း။
ဦးသည် ဝိုင်ခွက်ကိုကိုင်ကာ သူ့ကိုခပ်ေအးအေးလေးပြုံးကြည့်နေသည်။ ဦးရဲ့အပြုံးက တည်ကြည်သည်။ ဦးရဲ့အကြည့်က စူးရှလှသည်။ သို့သော်လည်း အလျင်အခါကလိုမျိုး နေမထိထိုင်မသာ သိပ်မဖြစ်တော့ပါ။ ဦးရှေ့တွင်ဘယ်လိုနေရထိုင်ရမည်ကို သူကောင်းကောင်းကြီးသိနေပါပြီ။
"ဒီနေ့မှိုဝက်သားလုံး မကျွေးတော့ဘူးလား....."
"ကျွေးမှာပါဗျ ယူခိုင်းထားပါတယ်နော်..."
ကျေနပ်စွာဖြင့် နှုတ်ခမ်းနှစ်ခုကို တင်းတင်းစေ့လိုက်ပြီး ကင်ထားသော ပုစွန်ထုပ်ကြီးကိုတူဖြင့်ညှပ်ယူလိုက်ပါသည်။ သူစားရန်ဟန်ပြင်နေသည်အထိ ဦးဘက်က ဘာအမူအရာမှမပြသေးပါ။ စိတ်ထဲ အိုက်စက်စက်ဖြစ်သွားရသည်။ လူတွေကဒီအတိုင်းပဲလားဟင် ရနေကြအရာလေးတစ်ခုကို ထပ်မရတော့လျှင် အားမလိုအားမရဖြစ်တတ်သည့်သဘောရှိလား။
သူစားရန်ဟန်ပြင်နေသော ပုစွန်ကို ပန်းကန်ပေါ်ပြန်ချလိုက်သည်။
ပြီးနောက် ကင်ထားသောပုစွန်များအားလုံးကို ပန်းကန်ထဲထည့်ကာ ဦးရှိရာသို့ကမ်းပေးလိုက်သည်။ဦးသည်မျက်ခုံးလေးပင့်ကာ သူ့အားစိုက်ကြည့်လာပါသည်။
YOU ARE READING
~ တိမ္လႊာ ဘယ္မွာလဲ ~
Romanceage gap အရမ်းကြိုက်တဲ့ ကျွန်တော့်အတွက် တစ်ခါမှ မရေးဖူးတဲ့ age gapမျိုးပါ😁😁😁 အသက်၂၀လောက်ကွာခြားမှုကြားက ရိုဆန်ဆန်ချစ်ခြင်းနှင့် angst နည်းနည်းပါပါမယ် #BL, #Romance, #Angst, #Age_gap