အခန်း - ၂ ( Unicode )

958 94 0
                                    

ရိပေါ်က ဒီနေ့တော့ ဆိုင်တံခါးကို တက်တက်ကြွကြွ ဖွင့်ပြီး စောင့်နေတယ်..။ စာအုပ်ပြန်လာအပ်မယ့် အစ်ကိုကြီးကိုပေါ့..။ Battel ထဲဝင်ပြီး ယောင်တောင်ပေါင်တောင် အူကြောင်ကြောင်လုပ်မိလို့ report ကျွေးခံလိုက်ရတာကြောင့် ဂိမ်းကတော့ ဆော့မရတော့ဘူး..။ ပုံမှန်ဆိုရင် ဂိမ်းဆော့လို့ မရတော့တာကြောင့် ရိပေါ် လောင်နေရမှာ.. ။ အခုက စာအုပ်စင်တွေကို ဖုန်သုတ်ရင်း ရိပေါ် ပြုံးဖြီးဖြီးလုပ်နေတယ် ..။ မနေ့က အစ်ကိုကြီးရဲ့ အပြုံးကို ပြန်တွေးလိုက်ရုံနဲ့ ရိပေါ်ပါးကြွက်သားတွေက အလိုလို လှုပ်ရှားကုန်တာ..။ အချစ်က အဲလိုပဲ .. ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး ..။

ခေါင်းလောင်းသံ ချွင်ခနဲ ထွက်လာတယ်..။ ရိပေါ် လက်ထဲက ကြက်မွှေးကို လွှတ်ချပြီး အစ်ကိုကြီးကို နှုတ်ဆက်ဖို့ ချာခနဲ လှည့်တယ်..။ မနေ့က စာအုပ်ဆိုင်ရဲ့ အငှားစာရင်းစာအုပ်ကို စစ်ဆေးကြည့်လိုက်တော့ အရင်လက အငှားစာရင်းတစ်ခုလုံးမှာ ရှောင်းကျန့် နာမည်တွေချည်းပဲ ။ ရှောင်းကျန့်မဟုတ်တဲ့ နာမည်က နှစ်ခုလောက်ပဲ ရှိတာ..။ ရှေ့လရဲ့ ရှေ့လတွေမှာတော့ စာအုပ်ငှားတဲ့လူက တစ်လလုံးမှ နှစ်ယောက်သုံးယောက်..။ သိပ်အောင်မြင်နေတဲ့ မာမားရဲ့ လုပ်ငန်းကြီးလို့ ရိပေါ် မဲ့ရွဲ့ရေရွတ်ပေမယ့် ဒီနေ့သာ လာမယ့်သူရှိရင် အဲဒါက ရှောင်းကျန့်ပဲ ဖြစ်မှာဆိုတဲ့ အတွေးကို စိတ်ထဲမှာ ပုံသေမှတ်ထားလိုက်မိပြီ..။ ဒါပေမယ့် အခု သူလှည့်ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေတာက ကြက်တောင်စည်း နှစ်ဖက် ခပ်မြောက်မြောက် စည်းထားတဲ့ ကောင်မလေးတစ်ယောက်..။ ရိပေါ်ပြုံးမလို့ လုပ်နေတာတွေ အေးခဲကုန်တယ်..။

" အန်တီ ယင်းယင်းမရှိဘူးလား.. "

" မရှိဘူး.. "

ကောင်မလေးက ခပ်စူးစူးအသံလေးနဲ့ ဝမ်ရိပေါ်ကို မေးတယ်..။ အမေနဲ့ သိတာလား ? ..။ ဒါပေမယ့် သူ့ဟာသူ သိသိမသိသိ ဝမ်ရိပေါ်က စိတ်မဝင်စားတော့ဘူး..။ ကြက်မွှေးကို ကိုင်ရင်း စာအုပ်စင်တွေဘက် ပြန်လှည့်သွားတယ်..။ ကောင်မလေးကလည်း သူ့အာရုံနဲ့သူ မျက်မှန်ကို ပင့်တင်ပြီး တစ်ဖက်ခြမ်းက စာအုပ်စင်တွေဘက် လျှောက်သွားတယ်.. ။

Love Is YouWhere stories live. Discover now