အခန်း - ၃

1.4K 111 8
                                    

ရိပေါ်ရဲ့ မျက်နှာလေးက နေထိပန်းလိုညှိုးနေပြီ..။ မနက်ဖြန် တွေ့ကြမယ်လို့ ပြောပြီး အစ်ကိုကြီးက ပေါ်မလာခဲ့လို့..။ တစ်ရက်..နှစ်ရက်..သုံးရက်.. ရိပေါ် ဆိုင်ကျဉ်းကျဉ်းလေးထဲမှာ လူးလှိမ့်ပြီး လွမ်းဖျားလွမ်းနာတွေကျ..။ နောက်ဆုံးတော့ ရိပေါ် မနေနိုင်တော့ဘူး ..။ စာအုပ်ငှား စာရင်းကို ဖင်ပြန်ခေါင်းပြန်လှန်ပြီး အစ်ကိုကြီးရဲ့ အိမ်လိပ်စာကို ရှာတော့တာပဲ..။ လိုက်သွားချင်လွန်းလို့တော့ မဟုတ်ရပါဘူး .. သိတယ်မလား အသစ်ထွက်တဲ့ စာအုပ်ကို ငှားပေးလိုက်တာဆိုတော့ ပျောက်သွားရင် အဆင်မပြေဘူးလေ ..။ တခြားငှားချင်တဲ့သူတွေလည်း ရှိရင်ရှိလာမှာ ဆိုတော့ စာအုပ်လိုက်တောင်းမလို့..။

ဆုံးဖြတ်ချက် မြန်မြန်ချပြီး ဆိုင်တံခါးကို ရိပေါ်ပိတ်တယ်..။ လက်ထဲမှာတော့ အစ်ကိုကြီးရှောင်းကျန့်ရဲ့ လိပ်စာရေးထားတဲ့ စာရွက်လေး..။ မားမားရဲ့ ရောင်းကောင်းလှတဲ့ စာအုပ်ငှားဆိုင်က ခုသုံးရက်အတောအတွင်းမှာ ငှားတဲ့သူ တစ်ယောက်တောင် ပေါ်မလာခဲ့ဘူး..။ အဲဒါကြောင့် ရိပေါ်က စိတ်ချလက်ချ ပိတ်ခဲ့ပြီး အစ်ကိုကြီးဆီ သွားတော့မှာ ..။

Hoodie ပွပွကြီးဝတ်လို့ လုံးတုံးလုံးတုံး လမ်းလျှောက်လာတဲ့ ဝမ်ရိပေါ်ဟာ တစ်စုံတစ်ယောက်နဲ့ ဝုန်းခနဲ ဝင်တိုက်တယ်..။ သူမော့ကြည့်လိုက်တော့ အရပ်ရှည်ရှည် ဆံပင်ပိုနီတေးစည်းထားတဲ့ နေကြာပန်းလေး..။ အဖြစ်အပျက်က ရုပ်ရှင်ထဲမှာ တွေ့နေကျ အကွက်အတိုင်းပဲ..။ တမင်တကာ မတိုက်တိုက်အောင် လုပ်တယ်လို့ တချို့တွေက ထင်ကြလိမ့်မယ်..။ တကယ်တမ်းကတော့ ရိပေါ်က ဖုန်းကို ကြည့်ပြီး GPS ဖွင့်လို့ လျှောက်လာတာကြောင့် ရှေ့ရော ဘေးရောကို မမြင်ဘဲ တိုက်မိသွားခဲ့တာ..။

" နာသွားလား.. "

ရှောင်းကျန့် က အလွန်အမင်းဂရုစိုက်တဲ့ အသံနဲ့ ရိပေါ်ကိုမေးတယ်..။ ခေါင်းကိုခါပြီး ပြူးကြည့်နေရုံကလွဲလို့ ရိပေါ် မဖြေနိုင်ဘူး..။ သူ့ နေကြာပန်းလေးက ကုတ်အကျၤီ အညိုရောင်နဲ့ ဂျင်းဘောင်းဘီကိုဝတ်ထားတယ်.. ချောမောလှပမှုဆိုတာကြီးက ရှောင်းကျန့်ဘေးနားမှာ ရောင်စဉ်တွေလိုဖြာထွက်..။ ဒီလို အလှအပတွေကြောင့် သူ့မျက်လုံးလေး ကောင်းချီးပေးခံလိုက်ရသလို ရိပေါ်က ခံစားနေရတယ်..။

Has llegado al final de las partes publicadas.

⏰ Última actualización: Feb 20, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Love Is YouDonde viven las historias. Descúbrelo ahora