My Crush's Crush Is?(Unicode)

329 46 0
                                    

"ရည်းစားလိုချင်တယ်..."

လောလောဆယ်ခံစားချက်က ရည်းစားအရမ်းလိုချင်နေတာပဲရှိတယ်။

ဘာလုပ်ချင်နေလဲဆိုရင် ရည်းစားလိုက်ရှာချင်တယ်။

ဘာဖြစ်ချင်နေတာလဲဆိုရင် ရည်းစားလိုချင်နေတာပဲ။

"Ting!"

တစ်ယောက်တည်း ရည်းစားအရမ်းလိုချင်နေတုန်းမှာပဲ Messenger က စာဝင်လာသံ...

Chatheadကိုကြည့်လိုက်တော့ သူနဲ့ထူးမခြားနား ရည်းစားအရမ်းလိုချင်နေတဲ့သူငယ်ချင်းကောင် Lee Kang
In...

Video တစ်ခု shareပေးထားတာဆိုတော့ ဝင်ကြည့်လိုက်တယ်။

ရည်းစားလေးတစ်ယောက်တော့ လိုနေတာပေါ့ 🎶
ငါ့မှာလဲ အသည်းနဲ့ပဲ ချစ်တတ်ပါတယ်🎶ရည်းစားလေးမရှိတော့ ငိုချင်တာပေါ့🎶ရှိရှိသမျှအချစ်တွေအကုန်ပေးလိုက်ပါမယ်🎶

Videoနဲ့အတူ အောက်ကထပ်ပို့ထားတဲ့စာပါဖတ်ကြည့်တော့

"ရည်းစားလိုချင်လိုက်တာကွာ 😭" တဲ့

သီချင်းနားထောင်ရင် သူပါငိုချင်သလိုလိုဖြစ်သွားတယ်။

Message ကို sad reactပေးလိုက်ပြီး စာပြန်ပို့လိုက်တယ်။

"ငါလဲလိုချင်တယ်ကွာ.. FAဘဝမှာအရမ်းအထီးကျန်နေပြီ"

ကိုယ့်ဘာသာကိုယ်စိတ်ညစ်နေရတာတင်မလောက်လို့ နှစ်ကောင်ပေါင်းပြီး ထပ်ညစ်နေပြန်တယ်။

"ဘယ်ဘဝက အငြိုးတွေကြောင့် ဒီဘဝမှာ ရည်းစားမရှိတဲ့သောက်FAဖြစ်နေရတာလဲ!!ဘာများမှားခဲ့မိလို့လဲကွား!!!!!"

ခေါင်းအုံးထဲမျက်နှာအပ်ပြီး အော်နေတဲ့ သူ့ကို အစက ကုတင်ပေါ်မှာအိပ်နေတဲ့ ကြောင်လေးMilkတောင်မှ သည်းမခံနိုင်တော့သလိုတစ်ချက်ကြည့်ပြီး အောက်ဆင်းသွားတယ်။

"ညောင်" ( နားငြီးတယ် FAကောင် in cat language)

---------------------------------

"ဟေ့ကောင် နောက်ကျနေပြီ အတန်းချိန်ကတစ်ဝက်လောက်ရောက်နေပြီ"

"နောက်တစ်ပတ်မှပဲ တစ်ပတ်လုံး အချိန်ပြည့်တက်မယ်ကွာ..အေးဆေးပေါ့..."

My Crush's Crush Is?Tempat cerita menjadi hidup. Temukan sekarang