ညနေခင်းကခါတိုင်းလိုပဲလိမ္မော်ရောင်။ နေရောင်ထိုးနေတဲ့ တိုက်တွေ..။ အရောင်ပြန်နေတဲ့ အထပ်မြင့်တွေရဲ့ မှန်တွေ....။
ဆယ်ဟွန်းက ဒီနေ့မျက်မှန်အမည်းရောင်ကိုတပ်ထားတယ်။ သူဒီကိုဘာလို့လာမိတယ် မပြောတတ်ဖူး။ စောစောကအထိ ကြည်လင်နေတဲ့ စိတ်က အခုအချိန်မှာ နောက်ကျိနေခဲ့ပြီ။
........
ခေါင်းတွေကိုမော့လိုက်တယ်။ နေရောင်ကခပ်နွေးနွေး။ လေတိုက်လိုက်တဲ့အခါ သူ့ခေါင်းထက်က ဆံပင်တွေဖွာလန်ကြဲသွားတာကို သတိထားမိတယ်။ ဦးထုပ်ဆောင်းမလာရတာကို မေ့သွားတယ်။ သူထိုင်နေတဲ့ အုတ်ခုံဘောင်နောက်မှာ မြင်ခင်းမို့မို့ရှိတယ်။ သူကျောချလိုက်လို့ရတဲ့ အနေအထားမှာ လုဟန် အုတ်ခုံပေါ် ခြေထောက်တစ်ဖက်ကွေးတင်လိုက်တယ်။ တပ်ထားတဲ့နားကြပ်ကနေ 君の名は Female version အသံက ခပ်ငြိမ့်ငြိမ့်လေး ကြားရတယ်။ တပ်ထားတဲ့ နှာခေါင်းအုပ်ကြောင့် ပြင်ပလေကို တိုက်ရိုက်ထိတွေ့ခွင့်ဆုံးရှုံးနေရတယ်။ ညလက်ကိုမြောက်လိုက်တဲ့အခါ နေရောင်ကိုမျက်နှာမူထားတဲ့ သူ့လက်ပေါ် လိမ္မော်ရောင်အရည်တွေလျံကျလာတယ်။ limited နဲ့ထုတ်ထားတဲ့ painting pen လေးဟာ အပြာရောင်လေး။ သူ့နှာဖျားကလေနွေးနွေးကို ဝအောင်ရှူလိုက်တယ်။
အဲ့ဒီခဏမှာပဲ သူ့လက်ကိုလူတစ်ယောက်ကတိုက်တယ်။ ပြီးတော့ သူ့ Digital pen လေးအောက်ကျသွားခဲ့တယ်။
..........
မျက်လုံးချင်းဆုံသွားတဲ့အခါ ဆယ်ဟွန်းက နေကာမျက်မှန်တပ်ထားတုန်းပဲ ရှိသေးတယ်။ ဆံပင်တစ်ချို့တစ်ဝက်ဖုံးနေတဲ့ နဖူးပြင်အောက်က မျက်လုံးတွေက အရမ်းလှတယ်။ ဒါပေမဲ့ ဆယ်ဟွန်း အထူးတဆန်းတော့မဖြစ်မိဘူး။
" ကျသွားပြီ။ "
ခြေတစ်ဖက်ထောင် တစ်ဖက်ချထားတဲ့ အဲ့ဒီအမျိုးသား(အသံကြောင့်သေချာသွားသော) က mask အဖြူရောင်နဲ့။ လက်ညှိုးညွှန်ရာကိုကြည့်လိုက်တဲ့အခါ ကျနေတဲ့ Digital pen အပြာရောင်။ လက်ထဲက Digital painting board ကို သူတစ်ချက်ကြည့်လိုက်တယ်။
Mask ပေါ်ကတစ်ဆင့် မြင်ရတဲ့ မျက်ဝန်းတွေက ခပ်မှေးမှေးနဲ့ ခြောက်တောက်တောက်ရယ်။