"ဒီမှာတွေ့ရတာ အံ့သြစရာပဲ"
သူ့မျက်နှာကို မမြင်ရပေမဲ့ ကွေးနေတဲ့ မျက်လုံးတွေအရ ပြုံးနေမယ်တိုတာသိသာတယ်။ တစ်နေ့က စိတ်ဆတ်နေတာကြောင့် အဆင်မပြေတာတွေဖြစ်ခဲ့ပေမဲ့ အခုထိ ဒီဆေးသမားသေးသေးကွေးကွေးကို အမြင်ကြည်လားဆိုတော့လည်းမကြည်ပါဘူး။
" ဆိုတော့ တရုတ်ဖက်က Join တဲ့ ပန်းချီသမားက ခများပေါ့"
"အင်း marketing အတွက် လူလိုတယ်ဆိုလို့ လိုက်လာတာ။ "
" သခင်လေးရဲ့ ပါပါး က စိတ်မချလက်မချထည့်လိုက်ရတာ"
"အော်....meizuo က အဲ့ဒီဘက်က အဖေပိုင်တာလား"
"အင်း...အားကစားဖိနပ်လေးတွေထုတ်တာလေ"
ဆယ်ဟွန်းရယ်ချင်သွားတယ်။ mask ကို ဖြုတ်မထားပဲ ဒီအတိုင်းစကားပြောနေရာက ထွက်လာတဲ့ အသံက တိုးတိုးညင်းညင်းလေး။
" အဲ့ဒီနေ့ကအတွက် တောင်းပန်ပါတယ်။ ကျွန်တော် နည်းနည်းစိတ်အဆင်မပြေနေလို့"
" ကိစ္စမရှိပါဘူး။ ကိုယ်နားလည်ပါတယ်။"
"လုဟန်...အချိန်ကပ်နေပြီနော်"
ဘေးကသူ့ရည်းစားကောင်မလေးက ဘာကိုမှန်းမသိ သတိပေးတယ်။
"အာ...ဟူတ်သားပဲ။ သွားစရာရှိတာမေ့နေလို့။ မန်နေးဂျင်း....မနက်ဖြန်မှတွေ့မယ်နော်။"
"Ok"
...
ဒီလိုလေးနဲ့ ပြီးသွားမယ်လို့ထင်ခဲ့တဲ့ ဇာတ်က ဒီလိုလေးနဲ့ မပြီးသွားပါဘူး။ တစ်ဖက်က လုပ်ငန်းကလက်တံရှည်သလောက် လူအင်အားမလောက်တဲ့အခါ လုဟန်ကိုချန်လို့ သူ့ကောင်မလေးနဲ့ သူတို့ဘက်က တာဝန်ခံမန်နေဂျာက တရုတ်ကို ပြန်ဖို့ဖြစ်လာတယ်။
မနက်မိုးလင်းလို့ အိမ်တံခါးကိုဆွဲဖွင့်လိုက်တဲ့အခါ mask အမည်းအုပ်ထားတဲ့ အဲ့ဒီလူဟာ မျက်လုံးတွေပြုံးပြီး အဝတ်အိတ်ကလေးကိုင်လို့ သူ့အိမ်ရှေ့ကို ရောက်နေခဲ့ပြီ။ လက်မခံချင်လို့လည်း မရတော့ဘူး။
သူ့ကိုစိတ်မချဟန်နဲ့ အထပ်ထပ်အခါခါမှာလို့ ကောင်မလေးက ပြန်သွားခဲ့တယ်။ ဘာလို့ဟိုတယ်မှာ သွားမတည်းရတာလဲဆိုတဲ့ အမေးအပေါ် သူက မျက်လုံးတွေနဲ့ ပြုံးပြရင်းပဲ ဖြေခဲ့တယ်။