.
"Young ရေ..မပြီးသေးဘူးလား..ကိုယ်တို့သွားရအောင်လေ...""ပြီးပြီ..."
"ပြီးရင် ဆင်းလာတော့...ကိုယ်စောင့်နေတာ ကြာနေရောပေါ့"
"အင်းပါ...လာပြီ..ခနလေး..ကျွန်မ ရေမွှေး ရှာမတွေ့လို့.."
Jisoo က Chaeyoung ကို သူ့မိဘတွေဆီ ခေါ်သွားဖို့...ပြောထားတာကြောင့် ရေချိုးပြီး...အားလုံးပြင်ဆင်ပြီးနေတာတောင်...
Chaeyoung ကတော့ မပြီးသေး...။
Jisoo ကတော့ အိမ်ရဲ့အောက်ထပ်ကို
ဆင်းပြီး..ဧည့်ခန်းမှာထိုင်စောင့်နေလိုက်သည်။
.
၁၅ မိနစ်လောက်..ကြာတော့..
Chaeyoung တစ်ယောက်ဆင်းလာခဲ့သည်။
ပန်းနုရောင်..အပွင့်နုတ်နုတ်လေးတွေပါတဲ့..ဒူးပေါ်ဂါဝန်လေးကို ၀တ်ဆင်ထားတဲ့..Chaeyoung ... ပါးပြင်ပေါ်က .ခပ်ပါးပါးလေးလိမ်းခြယ်ထားတဲ့ မိတ်ကပ်လေးနဲ့..
အရပ်မြင့်မြင့် အသားဖြူဖြူ..ရွှေရုပ်လို့...အတင်စား ခံရတဲ့နာမည်လေးက..သူမလေးနဲ့တကယ်လိုက်ဖက်လွန်းလှသည်။..
ဧည့်ခန်းကို..တစ်လှမ်းချင်း လျှောက်ပြီး..၀င်လာတဲ့ သူမလေးကို အကြည့်မလွဲနိုင်တော့တဲ့အထိ...
Jisoo ခမျာ ငေးကြည့်နေမိသည်။
နဂိုကတည်းက..သူမလေးကို တွေ့ရင်..ကိုယ့်ရင်ဘတ်ထဲက အဆမတန်..အခုန်မြန်နေတတ်ပါတယ်...ဆိုမှ ...
အခုကျပြန်တော့လည်း...
ကိုယ့်စိတ်ကို သူမက စမ်းနေတာလား...
လှောင်နေတာလား..
တောင်ထင်ရသည်။...
.
"ဘာလို့ အဲ့လောက်တောင် ကြည့်နေတာလဲ...
.
"......""Kim jisoo. ..ဟေ့ ရှင့်ကိုခေါ်နေတယ်လေ..."
"😶😶....
"ဘုတ်!!👋" Kim jisoo shii ရှင် အသက်မှရှိသေးရဲ့လား.."
.
Chaeyoung က သူ့အနားရောက်လာလို့..သူ့လက်မောင်းကို ရိုက်လိုက်တော့မှ..
ပါးစပ်အဟောင်းသားနဲ့..ငေးနေတဲ့သူက..."What!😲..လန့်လိုက်တာ...young ရယ် ဘာလို့ လူကို အလန့်တကြားဖြစ်အောင်လုပ်ရတာလဲ...''
"ရှင့် ကိုခေါ်နေတာ ကြာပြီလေ..ရှင်က ဘာမှပြန်မပြောဘဲ ကြောင်ကြည့်နေတာကိုး..:"
"ဟုတ်လား Sorry. .မင်းအရမ်းလှနေလို့.."
"တော်ပါ..အပိုတွေပြောမနေနဲ့ ကျွန်မအခုဘဲ မှန်ကြည့်ခဲ့တာ😑. "
"တကယ်ပြောတာပါ..young ya! ကိုယ့်အမြင်မှာတော့လေ...young က ဘယ်အချိန်ကြည့်ကြည့်...တစ်ကမ္ဘာလုံးက မိန်းကလေးတွေထဲက..အလှဆုံးဘဲ...ကဲ..ကိုယ်တို့ သွားရအောင်.."
YOU ARE READING
သူဖန်တီးတဲ့...ချစ်ခြင်း
Fanficအချစ်က ရှောင်ပြေးလို့မရတဲ့အရာတစ်ခုပါ.. ဘာလို့လဲ..ဆိုတော့... နှလုံးသားချင်းက..လိုအပ်နေကြလို့လေ