7

42 5 0
                                    

ရစရာမရှိ​အောင်​ ပြိုလဲကျခဲ့ရတဲ့​နေ့​တွေမှာ
"သူ"က တစ်​ချက်​မနှစ်​သိမ့်​​ပေးခဲ့ဘူး...
ဒါ​ပေမယ့်​ Ph screen ကသူ့အပြုံး​တွေနဲ့ စိတ်​ကိုတစ်​ဝက်​​ပျော်​​စေတယ်​...

ဘယ်​သူအတွက်​မှ​ဘောင်​မဝင်​ဘူးလို့​တွေးပြီး ​ချောင်​ထဲပုန်းငိုရတဲ့အခါ...
"သူ" ကမငိုပါနဲ့​တော့ကွာလို့ တစ်​ချက်​မ​ချော့​ပေးခဲ့ဘူး
အဲ့ဒီအစား သူ့အသံချို​အေး​လေးနဲ့ ဆိုထားတဲ့သီချင်း​တွေနဲ့ အငိုတိတ်​​စေခဲ့တယ်​....

ကိုယ့်​ကိုယ်​ကို ​ပျောက်​သွားတဲ့ ​နေ့ရက်​​မှာ "သူ" က ကူမရှာ​ပေးခဲ့​ပေမယ့်​ သူ့Fan​တွေအတွက်​ပါလို့ ရည်​ရွယ်​​ပြောတဲ့ အား​ပေးစကား​တွေ​ကြောင့်​ ကိုယ့်​ကိုယ်​ကို ပြန်​ရှာ​တွေ့ခဲ့တယ်

တစ်​စုံတစ်​​ယောက်​ဆီက ချစ်​ခြင်း​မေတ္တာ​နဲ့​နွေး​ထွေးမှု​တွေ​မျှော်​လင့်​တိုင်း "သူ"က ​ထွေး​ပွေ့မ​ပေးခဲ့ဖူးဘူး.....
အဲ့ဒီအစား IG မှာသူ့ပုံ​လေးUpdate​ပေးခြင်းအားဖြင့်​ ကိုယ့်​ကို​နွေး​ထွေး​စေခဲ့တယ်​....

ကိုယ့်​ကိုယ်​ကို ​ပျောက်​ဆုံးခဲ့တဲ့​နေ့ရက်​​တွေ၊ အဆင်​မ​ပြေ စိတ်​ဓာတ်​ကျမှု​တွေ၊ သတ်​​သေချင်​တဲ့စိတ်​​တွေ ဖြစ်​လာတဲ့အခါတိုင်း သူကအနားမှာမရှိ​နေ​ပေးဘူး၊ နှစ်​သိမ့်​မ​ပေးဘူး၊ ကုန်​ကုန်​​ပြောရရင်​ဗျာ သူကကိုယ့်​ကိုသိမ​နေဘူး၊

ဒါ​ပေမယ့်​ "သူ"ဆိုတဲ့နာမ်​စား​လေး​ကြောင့်​၊ သူဆိုတဲ့ဖြစ်​တည်​မှု​လေး​ကြောင့်​ ကိုယ့်​မှာအများကြီး​နွေး​ထွေးရတယ်​၊ ​သေမလို​နေ့ရက်​​တွေကိုဖြတ်​​ကျော်​နိုင်​ခဲ့တယ်​၊ သူကဘဝကိုတဖန်​ပြန်​လည်​ရှင်​သန်​​စေခဲ့တယ်​....

ဒါ​ကြောင့်​ကျွန်​​တော်​က ဒီလိုဖြစ်​တည်​​ပေးတဲ့သူ့ကိုသိပ်​ချစ်​တယ်​၊ သိပ်​မြတ်​နိုးတယ်​၊ ဘုရားက ကျွန်​​တော့်​ကို​ပေးတဲ့အထူးလက်​​ဆောင်​​လေးလို့ လည်းသတ်​မှတ်​ထားတယ်

သူကအဲ့လို ကျွန်​​တော့အတွက်​ အ​ရေးပါတယ်​...

Just FeelingsWhere stories live. Discover now