27

20 2 0
                                    

မင်းကိုဘယ်​တုန်းက စချစ်​မိလဲ ငါမသိဘူး.....
ဘာ​ကြောင့်​ချစ်​လဲ ဆိုတာလည်းမသိပါဘူး...
ငါကဒီအတိုင်း​လေးပဲ မင်းကို​ငေးချင်​ ချစ်​ချင်​ မြတ်​နိုးချင်​ရုံ...

ငါမုန်းတဲ့ Colour က မင်းရဲ့Favourite colour ဖြစ်​​နေတဲ့အခါ.....
မင်းကြိုက်​တယ်​ဆိုတဲ့အသိနဲ့ လိုက်​ကြိုက်​ခဲ့တာမျိုး....

Milo​သောက်​ချင်​လို့ ဂျီတိုက်​​နေတဲ့ မင်းငယ်​ငယ်​ကပုံ​လေးကြည့်​မိ​တော့ က​လေးဆန်​လိုက်​တာလို့ ​တွေးရင်းကိုပဲ ငါ့မှာလိုက်​​သောက်​​နေမိတာမျိုး.....

မင်းကငါ့အတွက်​ဘယ်​လိုလူလဲ​မေးရင်​ ငါ့မှာ​ဖြေစရာမရှိပါဘူး

မင်းရဲ့Fan meeting မှာ မျက်​ဝန်းလှတဲ့ မင်း​လေးအတွက်​ ရည်​ရွယ်​ဆို​ပေးတဲ့ "အချစ်​မျက်​ဝန်း" သီချင်းအကြိမ်​ကြိမ်​နား​ထောင်​ရင်းလည်း ငါမျက်​ရည်​ခဏခဏကျ​နေမိတာပါပဲ.....

အရပ်​ပုတယ်​၊ အသားညိုတယ်​၊ ညစ်​ပတ်​တယ်​၊ အကျင့်​မ​ကောင်းဘူးလို့ မင်းကိုမုန်းတယ်​လူ​တွေ​ပြောကြတယ်​...

အဲ့လိုဂျစ်​တစ်​တစ်​နဲ့ ညစ်​ပတ်​တဲ့​ကောင်​​လေး ကိုမှငါ့မှာချစ်​လို့မဝပါဘူး.....

ဒီအ​တောအတွင်း မင်းအများကြီးဖြတ်​​ကျော်​ရပြီးပြီ၊ နာကျင်​ရပြီးပြီ၊ ခံစားရပြီးပြီ၊ ...

မင်း​ပျော်​ရွှင်​​နေသင့်​ပါပြီ က​လေးငယ်​....
ငါ့ထက်​၈လကြီးတဲ့ မင်းကို က​လေးလို့​ခေါ်​တော့ ငါ့သူငယ်​ချင်း​တွေက ရယ်​တယ်​ နင့်​ထက်​အသက်​ကြီးတာဘာ က​လေးလဲတဲ့...

မင်းကငါ့အတွက်​​တော့ က​လေး​လေးပါပဲ၊ မင်းအသက်​ဘယ်​​လောက်​ပဲကြီးသွားသွား၊ ငါ့အတွက်​​တော့ မင်းက ငါကာကွယ်​​ပေးချင်​တဲ့ က​လေး​လေး...

အများကြီးရင့်​ကျက်​လာတာ ​တွေ့ရ​တော့ ဝမ်းသာပါတယ်​ က​လေးရယ်​၊ ​အမြဲတမ်း​ပျော်​​နေ​ပေးပါ၊ မင်း​ဘေးနား မရှိနိုင်​​ပေမယ့်​ တတ်​နိုင်​သမျှ​လေး ကာကွယ်​​ပေးသွားမှာငယ်​.....

အသက်​တစ်​နှစ်​ကြီးလာတဲ့ ငါ့က​လေး​လေး ​မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေကွာ💗

မင်းနဲ့ထိုက်​တန်​တဲ့အရာ​တွေပိုင်​ဆိုင်​ရပြီး ​အေးချမ်းတဲ့ ဘဝ​လေးပိုင်​ဆိုင်​ပါ​စေ💗

ဒီတစ်​နှစ်​လုံးကျန်းမာပြီး ကံ​ကောင်းခြင်း​တွေသာရပါ​စေ က​လေးငယ်​💗

HAPPY BIRTHDAY PERTH TANAPON💚

Just FeelingsWhere stories live. Discover now