Happy Birthday My Sehunnie

13 2 0
                                    

ချစ်​ရပါ​သော ငါ့ရဲ့Bias​လေး​ရေ
အသက်​၂၆နှစ်​ပြည့်​​မွေး​နေ့​လေးမှာ ​ပျော်​ရွှင်​ပါ​စေ

ကိုယ့်​ထက်​ ၈နှစ်​ကြီးတဲ့က​လေးကြီး​ရေ
အချိန်​​တွေကုန်​တာမြန်​တယ်​​နော်​ ​နောက်​၄နှစ်​ဆို
ထိပ်​စီး​တွေ​ပြောင်းကုန်​​တော့မှာ

ဘာပဲဖြစ်​ဖြစ်​ ပရိသတ်​တစ်​​ယောက်​အဖြစ်​အမြဲရှိ​နေ​ပေးမယ်​လို့ ကတိ​ပေးချင်​တယ်

ပင်​ပန်းတဲ့ချိန်​တိုင်းခိုနားရာ​လေးတစ်​ခုဖြစ်​ခဲ့​ပေးလို့​ကျေးဇူးတင်​တယ်

အဆင်​မ​ပြေတဲ့အချိန်​တိုင်း​ပြေးဝင်​လို့ ရတဲ့ ဖြစ်​တည်​မှုမျိုးမဟုတ်​ခဲ့​ပေမယ့်​ အတတ်​နိုင်​ဆုံးအ​ဝေးက​နေ ​ဖေးမ​ပေး
တဲ့အတွက်​​ကျေးဇူးတင်​တယ်

အသံလှလှ​လေးနဲ့ သီချင်း​တွေဖန်​တီး​ပေးလို့​ကျေးဇူးတင်​တယ်
အ​ဝေးကြီး​ဝေး​နေရ​ပေမယ့်​ ​ဝေး​နေတယ်​လို့်​မထင်​ရ​လောက်​​အောင်​ကိုပဲ ​နွေး​ထွေး​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်

အား​ပေးမယ့်​သူလို​နေတဲ့ချိန်​ အထီးကျန်​တယ်​လို့ခံစားရတံအချိန်​တိုင်းမှာ"  ​သြော်​ ငါ့မှာငါချစ်​ရတဲ့ ငါ့ရဲ့Sehunnie ​လေးရှိ​သေးတာပဲ ကြိုးစားရှင်​သန်​ရမယ်​" အဲ့လိုအ​တွေးမျိုးဖြစ်​​အောင်​ လုပ်​​ပေးတဲ့ အကို့ကိုသိပ်​​ကျေးဇူးတင်​တယ်

မွေးဖွားလာပြီး လူအများချစ်​မြတ်​နိုးရတဲ့ Idol တစ်​​ယောက်​ဖြစ်​လာ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်

ချစ်​ပြီးရင်းချစ်​ပြီးမြတ်​နိုးပြီးရင်းမြတ်​နိုးပါတယ်
အခုဆိုစမတ်​ကျပြီးသက်​လတ်​ပိုင်းအရွယ်​အမျိုးသားကြီး​တောင်​ဖြစ်​​နေပြီ

အများကြီးရင့်​ကျက်​လာပြီး အများကြီးလူကြီးဆန်​လာတာ​တွေ့ရတာသိပ်​ဝမ်းသာပါတယ်

အကို​တွေကိုအရမ်းရစ်​တတ်​ပြီး အလိုမကျရင်​ မျက်​ခုံးတွန့်​ချိုး​နေတာ နှုတ်​ခမ်းဆူတာ​လေး​တွေက ညီမ မ​မေ့ချင်​တဲ့ အမှတ်​တရ ​တွေ​ပေါ့

အများကြီးအချစ်​ခံ​ပေးပါ ​နေ​ကောင်း​အောင်​​နေပါ ကျန်းမာ​ရေးကိုဂရုစိုက်​ပါ ကိုယ့်​ကိုယ်​ကို ချစ်​ပါ

မွေး​နေ့မှစပြီး အမြဲတမ်း​ကောင်းမွန်​တဲ့ အရာ​တွေပဲပိုင်​ဆိုင်​ရပါ​စေ အကို​ရေ

HAPPY BIRTHDAY Oh Sehun

#HappySehunDay
#12.4.2020

Just FeelingsWhere stories live. Discover now