Mark's pov
"Mark, အလုပ်မလုပ်ဘဲဘာတွေစဉ်းစားနေတာလဲ"
JB ကကျွန်တော်ပုခုံးကိုလာပုတ်ပြီးပြောတော့မှကျွန်တော်လည်းအတွေးကမ္ဘာထဲကနေထွက်လာခဲ့တယ်၊
"ဘာမှမဟုတ်ပါဘူးကွာ၊ ဒါနဲ့ jackson ရော"
ကျွန်တော် Jackson ကိုမတွေ့လို့မေးလိုက်သည်၊
"အနောက်မှာ၊ သူ့အမေခဏခေါ်လို့သွားတယ်"
"အေး"
အဲ့ဒါလေးပဲပြောပြီးကျွန်တော်တို့နှစ်ယောက်ခဏငြိမ်သွားတယ်၊
"Mark!! JB!!"
ကျွန်တော်တို့နှစ်ယောက်အနောက်က Jackson အသံကြားလို့လှည့်ကြည့်လိုက်တယ်၊
"Jackson နောက်ကျလိုက်တာကွာ"
"အေးကွာ၊ ငါ့အမေခိုင်းနေလို့နောက်ကျသွားတာ၊ sorry"
"အေးပါ"
"ဒါနဲ့ mark မင်းငြိမ်လိုက်တာ"
ကျွန်တော်ငြိမ်နေတာတော်တော်သိသာသွားလားမသိဘူး တစ်ခါမှကျွန်တော်တို့ကိုဂရုမစိုက်တဲ့ Jackson တောင်ပြောနေပြီ
"mark မင်းကလည်းငါနဲ့ Jackson ပဲပြောနေတာ၊ မသိရင်မင်းကဆွံ့အနားမကြားကျနေတာပဲ၊ တစ်ခုခုပြောပါအုန်းကွာ"
သွားပြီ၊ ဒီနှစ်ကောင်လုပ်မှဘဲကျွန်တော်ဆွံ့အနားမကြားဘဝကိုရောက်တော့တယ်၊
"ဖက်ဖက်၊ လွဲပါစေဖယ်ပါစေကွာ၊ဘမင်းကလည်းကိုယ့်သူငယ်ချင်းကိုအဲ့လိုပြောစရာလား"
"သွားမလုပ်ပါနဲ့ JB ရာ၊ Mark မင်း y/n ကိုသတိရလား"
"......"
"Mark!!"
"Mark!!!"
"မင်းတို့နှစ်ကောင်ဘယ်လိုဖြစ်နေလဲ၊ မင်းတို့သူငယ်ချင်းကြီးဘေးမှာရှိသေးတယ်၊ မသေသေးဘူး၊ တကယ်ပါပဲစွတ်အော်နေတာ"
"မင်းကရောငါတို့ခေါ်နေတာကြားလို့လား"
"ငါအတွေးလွန်သွားလို့ပါကွာ"
"မင်းနော်မင်း၊ တခြားတစ်ယောက်တွေ့နေပြန်ပြီလား"
"ဟာ Jackson၊ မင်ကွာပြောရက်တယ်၊ y/n ကိုတောင်လွမ်းလို့မဝသေးဘူးတခြားတစ်ယောက်တွေ့စရာလား"
"မသိဘူးလေ၊ မင်းက y/n ကိုမတွေ့ခင်တုန်းက play boy ဆိုတော့အခု y/n မရှိတော့လို့ play boy ပြန်ဖြစ်သွားတာလားလို့"
Jackson ပြောရတာမောလို့နဲ့တူပါတယ်သူ့လွယ်အိတ်ထဲကရေဘူးကိုထုတ်သောက်လိုက်တယ်၊
"မဟုတ်ရပါဘူးကွာ၊ ဒါနဲ့ငါ့အိမ်မှာလူသားကောင်လေးရောက်နေတယ်"
"ဘာ!!"
"ဖူး...အဟွတ်...အဟွတ်"
'ဘာ' ဆိုတာက JB အလန့်တကြားထအော်တဲ့အသံဖြစ်ပြီး ချောင်းဆိုးတာက Jackson ရေသီးသွားတာဖြစ်တယ်၊
"ဘာဖြစ်တာလဲကွာ၊ ငါဒါလေးပြောတာကို"
"Mark Yi En Tuan မင်းသေချင်လို့လား"
ကျွန်တော့်ထင် JB တော်တော်လန့်သွားတာထင်တယ်၊ ကျွန်တော့်နာမည်အပြည့်ဆုံကိုအော်ပြီးဟောက်နေတာ၊ လန့်လည်းလန့်စရာဘဲလေ၊ လူသားဆိုတာကျွန်တော်တို့ရဲ့ဆန့်ကျင်ဘက်အနွယ်ဝင်တွေ၊ ကျွန်တော်တို့ရဲ့ရန်သူတွေ၊ အဲ့ဒါကိုကျွန်တော်ကကိုယ့်အိမ်ပေါ်ကိုခေါ်တင်ထားတာဆိုတော့သူတို့တော်တော်လန့်နေမှာ၊
"JB!!!! ငါ့ကိုလာမအော်နဲ့၊ ငါမကြိုက်ဘူး"
ကျွန်တော်လည်းသူ့ကိုပြန်အော်လိုက်တယ်၊ အော်တယ်ဆိုတာဒေါသကြောင့်မဟုတ်ဘူး၊ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းကကျွန်တော့်နာမည်ကိုအပြည့်စုံခေါ်ပြီးအော်လို့၊ ကျွန်တော့်ကိုသူငယ်ချင်းမပြောနဲ့၊ ကျွန်တော့်မိဘတောင်နာမည်အပြည့်စုံနဲ့အော်ဖူးတာမဟုတ်ဘူး၊ ကျွန်တော်ကကျွန်တော့်ကို mark yi en tuan လို့ခေါ်ရင်လုံးဝမကြိုက်တာသူလည်းသိတယ်၊ ဘာဖြစ်လို့လဲဆိုတော့အဲ့နာမည်ကကျွန်တော်အရမ်းချစ်ရတဲ့ y/n ခေါ်ခဲ့တာ၊ y/n
ကကျွန်တော့်ကိုခေါ်ရင် Tuan yi en ဒါမှမဟုတ် Tuan လို့ခေါ်တယ်၊ y/n ဆုံးပြီးကတည်းကကျွန်တော်ကိုအဲ့လိုခေါ်ရင်ကျွန်တော်လုံဝမကြိုက်တော့တာအခုထိဘဲ၊"တော်ပါတော့ကွာ၊ သူငယ်ချင်း အချင်းချင်းရန်မဖြစ်သင့်ဘူး"
ထုံးစံအတိုင်းကျွန်တော်တို့နှစ်ယောက်ရန်ဖြစ်ရင် Jackson ကပဲဝင်တားပေးတယ်၊
"တောက်!!!"
JB ကတော့တောက်ခေါက်ပြီးထွက်သွားပြီ၊
"Mark, JB စိတ်တိုသွားပြီ"
"ထားလိုက်၊ မကြာခင်ပြန်ပြေသွားလိမ့်မယ်၊ ငါလည်းသွားပြီ bye"
"အေး ငါလည်းပြန်တော့မယ် bye"
💚🐥💚🐥💚🐥💚🐥💚🐥💚🐥💚
YOU ARE READING
ONE AND ONLY
VampireI Love You. No matter who are you -bambam- I Love You but we are not the same -mark- (I do not own GOT7) (Myanmar unicode only)