At Seoul International School
"နောက်တစ်ပတ်ဆရာတို့ဂျယ်ဂျူဘက်ကိုလေ့လာရေးခရီးထွက်ဖို့ရှိတယ်၊ အဲ့ဒါလိုက်ချင်တဲ့သူတွေအတန်းခေါင်းဆောင် Jisoo ဆီမှာစာရင်းပေးထား၊ စာရင်းပေးပြီးမှလုပ်စရာရှိတာဆက်လုပ်ကြ"
"Nae!!!"
ဆရာ RM ကပြောစရာရှိတာပြောပြီးထွက်သွားသည်၊
"Yugyeom မင်းလိုက်မှာလား"
"အင်း၊ မင်းရော"
"အင်း၊ လိုက်မယ်"
ဆရာထွက်သွားတာနဲ့ထုံးစံအတိုင်း bambam ကသူ့ သူငယ်ချင်း yugyeom ကိုစကားစလိုက်ခြင်းဖြစ်သည်၊
"ဟေ့ရောင်တွေနားချိန်ရောက်ပြီ canteen သွားရအောင်"
သူတို့သုံးယောက်ထဲမှာမှအစားသမား Choi Youngjae က canteen သွားဖို့ထုံးစံအတိုင်းဟိုနှစ်ယောက်ကိုခေါ်နေခြင်းဖြစ်သည်၊
"နေအုန်း၊ ငါတို့ Jisoo noona ဆီမှာစာရင်းပေးပြီးမှသွားရအောင်"
"အေး"
Yugyeom ပြောလိုက်သည်ကို bambam ကထောက်ခံလိုက်သည်၊ သူတို့ jisoo ကို jisoo noona ဟုခေါ်ရခြင်းမှာ jisoo ကအတန်းထဲမှာအသက်အကြီးဆုံးဖြစ်နေခြင်းကြောင့်သာ၊
"Youngjae မင်းရောလိုက်မှာလား"
"အေး yugyeom၊ မြန်မြန်လုပ်ကွာငါဗိုက်ဆာနေပြီ"
"အေးပါ၊ ပြီးပြီလာသွားမယ်"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
"အာ့"
"အာ sorry၊ မမြင်လိုက်လို့"
"Jinyoung hyung?"
သူငယ်ချင်းသုံးယောက် canteen ကိုစကားပြောပြီးလာနေတုန်းလူတစ်ယောက်က bambam ကိုဝင်တိုက်မိသွားတယ်၊ သူပြန်တောင်းပန်သံကိုကြားတော့ ကြားဖူးပါတယ်ဆိုပြီးကြည့်လိုက်တော့မှ jinyoung မှန်းသိလိုက်ရတယ်၊
"အော် bambam, yugyeom, youngjae"
"Nae"
"Canteen သွားမလို့လား၊ လာ hyung နဲ့အတူတူသွားမယ်"
"Nae hyung"
Jinyoung hyung ကလွန်ခဲ့တဲ့သုံးနှစ်လောက်က bambam ရဲ့အိမ်နီးနားချင်းအစ်ကို၊ bambam ရဲ့အိမ်နီးချင်းအစ်ကိုသာပြောတာ yugyeom နဲ့ youngjae တို့နဲ့ပါခင်တယ်၊
"ထိုင် hyung ဝယ်ကျွေးမယ်"
"ရပါတယ်၊ ကျွန်တော်တို့ကသာပြန်ဝယ်ကျွေးရမှာ"
"မဟုတ်တာအကြီးကအငယ်ကိုဝယ်ကျွေးသင့်တာပေါ့၊ စားချင်တာစားကြ"
Bambam jinyoung ကိုမနိုင်တော့တဲ့အဆုံးလက်လျော့လိုက်ရသည်
"ဒါနဲ့ hyung ကဘယ်လို့ကျောင်းကိုရောက်လာတာလဲ"
"Hyung က ဒီကျောင်းရဲ့ PE ဆရာအသစ်၊ ဒီနေ့မှစဝင်တာ
ဒါနဲ့မင်းတို့ကရောဘယ်လိုလုပ်ပြီးဒီကျောင်းကိုရောက်နေတာလဲ၊ အရင်ကဒီကျောင်းမှာမဟုတ်ပါဘူး"
"ကျွန်တော်က hyung LA ကိုပြောင်းသွားတဲ့နှစ်ထဲကဒီကျောင်းမှာတက်ခဲ့တာ၊ ပြီးတော့မှ yugyeom နဲ့ youngjae ကလိုက်ပြောင်းလာတာ"
"အော်၊ စားလိုက်အုန်း အေးသွားအုန်းမယ်"
"Nae"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
Time skip
"ပြန်ရောက်ပါပြီ"
ဤအသံသည် bambam အိမ်ပြန်ရောက်တိုင်းမိဘတွေကိုနှုတ်ဆက်နေကျအသံဖြစ်သည်၊
"အော်သားငယ်ရောက်ပြီလား"
"Nae ma၊ ဒါနဲ့ pa ရော"
"pa လည်းရောက်တော့မယ်၊ အခုတော့နားလိုက်အုန်း၊ pa လာရင်ညစာစားဖို့ခေါ်လိုက်မယ်"
"Nae ma"
Bambam မေကိုနှုတ်ဆက်ပြီးအပေါ်တက်ကာရေချိုးရန်ပြင်ဆင်နေသည်၊ ရေချိုးပြီးကုတင်ပေါ်တွင်ထိုင်၍ laptop ဖွင့်ကာ game ကစားနေသည်
"သားငယ်ညစာစားမယ်၊ ဆင်းခဲ့တော့"
"Nae"
သားဖြစ်သူကိုညစာစားရန်အမေဖြစ်သူမှခေါ်လိုက်သည်၊
"Pa ဒီနေ့နောက်ကျတယ်နော်"
"အင်း သား၊ pa လည်းအစည်းဝေးတက်နေတာနဲ့နောက်ကျသွားတာ"
"Nae၊ ဒါနဲ့ သားနောက်တစ်ပတ်ထဲ
ဂျယ်ဂျူကိုလေ့လာရေးခရီးထွက်ရမယ် pa နဲ့ ma""အင်း၊ လိုက်သွားလေ၊ ဒါပေမယ့်အရမ်းမဆော့ဘူးနော်"
"Nae"
"ဒီသားအဖလည်းထမင်းစာပါဆိုနေနောက်ကျနေပြီ၊ သားကလည်းငယ်တော့တာမဟုတ်ဘူး"
"အင်းပါ honey ရယ်၊ ကိုယ်ကစိတ်ပူလို့ပြောတာ"
"စိတ်ပူတာနောက်မှပူအခုတောထမင်းစားလိုက်အုန်း၊ သားလည်းစား"
"Nae"
💚🐥💚🐥💚🐥💚🐥💚🐥💚🐥💚

YOU ARE READING
ONE AND ONLY
VampireI Love You. No matter who are you -bambam- I Love You but we are not the same -mark- (I do not own GOT7) (Myanmar unicode only)