Mark's pov
ကျွန်တော် appa ခိုင်းလို့ werewolf တွေနဲ့ငြိမ်းချမ်းရေးညီလာခံကိုတက်ပြီးအပြန်ကောင်လေးတစ်ယောက်နဲ့တွေ့တယ်၊ သူ့ရဲ့သွေးအနံ့ကထူးဆန်းတယ်၊ တော်တော်ကိုထူးဆန်းတယ်၊ တခြားသူတွေထက်ထူးခြားတယ်၊
ဒါနဲ့ကျွန်တော့်မိသားစုနဲ့အရင်ဆုံးမိတ်ဆက်ပေးမယ်နော်၊ ကျွန်တော်ကမိသားစုထဲမှာတစ်ဦးတည်းသောသား၊ Appa က vampire king၊ Omma ကတော့ Appa နဲ့ရတော့မှ vampire queen ဖြစ်တာ၊ မရခင်ကထိသာမန် vampire အနွယ်ဝင်ပဲ၊ Appa ကသာ တော်ဝင်မိသားစုကပေါက်ဖွားလာတဲ့ royal vampire၊
အခု Appa က vampire နဲ့ werewolf ငြိမ်းချမ်းရေးရဖို့အတွက်အလုပ်ရှုပ်နေတယ်၊ ကျွန်တော်ပါဝိုင်းပြီးကူညီပေးရတဲ့အထိအလုပ်ရှုပ်တယ်၊ Appa ပြီးရင်ကျွန်တော်က vampire king ဖြစ်ဘာမယ့်သူဆိုတော့ Appa နဲ့ omma ကအတွေ့အကြုံရအောင်ဝင်လုပ်ဆိုလို့ကျောင်းပြီးကတည်းက Appa မအားရင်ကျွန်တော်ဝင်လုပ်တယ်၊
ဒါနဲ့ကျွန်တော်နဲ့တွေ့လိုက်တဲ့ကောင်လေးရဲ့သွေးနံ့ရတော့ကျွန်တော့်စိတ်တွေပြောင်းလဲလာတယ်၊ သွေးစုတ်ချင်စိတ်တွေတစ်ဖန်နိုးထလာတယ်၊ အဲ့ဒါကြောင့်ကျွန်တော့်မျက်စိတွေအရောင်ပြောင်းလာပြီးသွားတွေလည်းသဏ္ဌာန်ပြောင်းလာတယ်၊ ကျွန်တော်သူ့ကိုတစ်ချက်လှည့်ကြည့်ပြီးမျက်နှာလွှဲလိုက်တယ်၊ ပြီးတော့သူကျွန်တော့်ကို vampire လားဆိုတာကိုတွေးနေတာ်ဆိုတာကျွန်တော်သိလိုက်ရတယ်၊ ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းရှိတယ်လေ၊
Vampire တွေမှာကကိုယ်စီပါဝါတွေရှိတယ်၊ကျွန်တော်တစ်ယောက်တည်းနေတဲ့အိမ်ကိုခေါ်သွားလိုက်တယ်၊ မသွားခင်ကျွန်တော့်မိဘတွေကိုအရင်ပြောလိုက်တယ်၊ သူတို့ကလည်းခဏဘဲသွားပြီးအလုပ်ပြန်လုပ်ရမယ်တဲ့၊ မလုပ်ရင်မနက်ဖြန် JB တို့နဲ့ချိန်းထားတာမလိုက်ရဘူးတဲ့၊
ဒါနဲ့ဘဲကျွန်တော်လည်းသူ့ကိုကျွန်တော်နေတဲ့အိမ်ကိုအမြန်ခေါ်သွားလိုက်တယ်၊ သွားနေတုန်းလမ်းမှာသူ့နာမည်ကိုမေးကြည့်လိုက်တော့ bambam တဲ့၊ ကြည့်ရတာသူလည်းကျွန်တော့်လိုဘဲကိုရီးယားလူမျိုးမဟုတ်ဘူးထင်တယ်၊ ကျွန်တော်ကကိုရီးယားလူမျိုးမဟုတ်တဲ့ကိုရီးယားလူမျိုး၊ ဘာလို့လဲဆိုတော့ကျွန်တော်မိဘတွေကအမေရိကန်လူမျိုးတွေ၊ ကိုရီးယားသွေးတစ်စက်မှကိုမဆက်တာ၊ တစ်နည်းပြောရရင်ကိုရီးယားမှာနေတဲ့အမေရိကန်လူမျိုးပေါ့၊ ကျွန်တော်ကြတော့ကိုရီးယားမှာမွေးပြီးကိုရီးယားမှာကြီးတဲ့အမေရိကန်လူမျိုး၊
.
.
.
.
.
.
.
.
.
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ကျွန်တော်သူ့ကိုထားခဲ့ပြီးပြန်ထွက်မယ်လုပ်သူကတားတယ်၊ ကျွန်တော်လည်းအစကမသွားဘဲသူနဲ့နေပေးမလို့ပါဘဲ၊ ဒါပေမယ့်သူနဲ့ကြာကြာနေရင်ကျွန်တော့်ရဲ့သွေးဆာတဲ့စိတ်ကိုကျွန်တော်မထိန်းနိုင်ဘဲသူကိုသတ်မိလိမ့်မယ်၊ ကြောင့်သူ့ကိုတစ်ယောက်ထဲနေခဲ့ဖို့နဲ့ဘာမှလျှောက်မလုပ်ဖို့ကိုခြိမ်းခြောက်ပြီးပြောလိုက်ရတယ်၊
YOU ARE READING
ONE AND ONLY
Про вампировI Love You. No matter who are you -bambam- I Love You but we are not the same -mark- (I do not own GOT7) (Myanmar unicode only)