1

26.6K 687 59
                                    

Unicode version

လက်ကနာရီကို တချက်ကြည့်ပြီးနောက် ရှောင်ဖင်း သက်ပြင်းတချက်ချကာ ခြေလှမ်းတို့ကို ပိုမြန်လိုက်တယ်။

ဒီနေ့တော့ နည်းနည်းစောပါသေးတယ်.. လူမကျပ်ဖို့ဆုတောင်းရမှာပဲ!!
ကား မှတ်တိုင်ရောက်တော့ သူ့ထက်အရင် ရောက်နေသည့် လူ သုံး လေးယောက်လောက်သာရှိသည်။ ဒီလောက်ဆို မဆိုးးဘူး !!! ကားပေါ်မှာ လူအများကြီးပါ မလာပါစေနဲ့ ... ခုံရပါစေ ...

သူ့ရင်တွင်းဆု‌‌ေတာင်းကြီးက ကလေးဆန်လွန်းပေ့မဲ့ မတတ်နိင်ဘူးလေ .... ကိုယ့်ဒုက္ခနဲ့ ကိုယ်ပဲ ..

မှတ်တိုင်ရှေ့ ရပ်လိုက်တဲ့ကားကို တချက်ကြည့်ပြီးနောက် ကားပေါ်တတ်လိုက်တယ်ဆိုရင်ပဲ သူ့ရင်ထဲမှာ တိတ်တိတ်လေး ပျော်သွားတော့တယ်။ ကံကောင်းထောက်မစွာ တနေရာလေးလွတ်နေသည် .... မြန်မြန်ပြေးသွားလိုက်ပြီး ခပ်တည်တည်ပဲ ထိုင်ချလိုက်တယ်လေ .....

ခါတိုင်းထက် စောစောထခဲ့ရသောကြောင့် မျက်လုံးတို့က ငိုက်ချင်ချင် ဖြစ်လာတာနဲ့နားကြပ်လေး တပ်ပြီး အသာပြန်မှေးဖို့ တွေးလိုက်သည်။

ကျောင်းရောက်ဖို့က ဆယ့်ငါးမိနစ်လောက် လိုသေးတယ်။ ခဏလောက်အိပ်ရလဲ မဆိုးဘူး ....

ခဏလောက်ကြာတော့ သူ့ ဘေးမှာထိုင်နေတဲ့သူရဲ့ လက်တွေက သူ့ပေါင်ပေါ်လာထိလာသည်။ မတော်တဆနေပါမှာလေ ဟု သူ့ဘာသာတွေးရင်း မသိချင်ယောင်ဆောင်နေလိုက်သည်။

သို့ပေ့မဲ့ ထိုလက်က ဖယ်မသွားတဲ့ အပြင် တဖြည်းဖြည်း ပိုပြီး သိသာလာတယ်။ သူ့ပေါင်ကို ခပ်ကြမ်းကြမ်း ပွတ်သက်နေတာများ ကြက်သီးတွေ ပါ ထလာတဲ့ အထိပဲ။ သွားပြီ ... ရှောင်ဖင်း ဝမ်းနည်းစွာ တွေးလိုက်သည်။

ဒီနေ့လဲ ဒီလိုပဲလား ....

အိပ်ရာထ နောက်ကျတတ်‌တာမလို့ သူ ကျောင်းသွားချိန်ဆို ကားဂိတ်မှာ အမြဲ လူပြည့်နေတတ်သည်။ အမြဲလို မတ်တပ်ရပ်လိုက်ရသော်လည်း သူနည်းနည်းတောင် စိတ်မပျက်မိပါ။ လမ်းလျှောက်သွားရတာထက်စာရင် တော်သေးတယ်မလား...

ဒါပေမဲ့ လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး သူ့မှာ အခက်အခဲတခုကြုံလာရတယ်။ အဲ့ဒါကတော့ လိင်အကြမ်းဖက်မှု ....
အင်း အဲ့လိုပဲ ခေါင်းစဉ်တတ်ရမလား??

My Favourite Person 🖤Where stories live. Discover now