2

13.5K 484 120
                                        

စာသင်ခန်းထဲမှာ သူတို့တွေ ဆရာမရှိလို့ ဆူညံနေချိန်မှာဘဲ သင်္ချာဆရာက ဝင်လာခဲ့တယ်။ ကျောင်းသားအားလုံး ငြိမ်ကျသွားပြီး သူ့အချိန်မဟုတ်ဘဲဝင်လာတဲ့ ဆရာကို ကြည့်တံ့အကြည့်တွေက မကျေနပ်တာတွေပါနေတယ်။

" ဆူညံနေတာပဲ ဆရာမရှိလဲ စာလေ့လာနေသင့်တာ .. မင်းတို့ကလေးတွေက ကြိုးစားချင်စိတ်မရှိဘူးဘဲ "

အားလုံးရုပ်လေးတွေက ဆူပုပ်ပုပ်လေးတွေဖြစ်ကုန်ကြတယ်။

" ငါအခုလာတာ မင်းတို့ကို ဇီဝဗေဒမှာ သင်ပေးမဲ့ ဆရာအသစ်နဲ့ မိတ်ဆက်ပေးမလို့ "

ဆရာအသစ်ရောက်နေတယ်ဆိုတာ သူတို့ကြားထားပြီး ဘယ်သူမှတော့ မမြင်ကြသေးဘူး။ ဒါကြောင့်ဘဲ အားလုံး စိတ်ဝင်တစားနဲ့ ငြိမ်နေကျတုန်း မြင့်မားသော အရပ်နဲ့ ကြည့်ကောင်းတဲ့ ယောကျာ်းတယောက် အခန်းထဲဝင်လာတယ်။

" ဒါက မင်းတို့ကို သင်ကြားပေးမဲ့ဆရာပဲ .. Mr.ရှင်းယန် လို့ခေါ်တယ် "

" အားလုံးပဲ မင်္ဂလာပါ .. "

သူတို့ သင်္ချာ ဆရာထက် အများကြီးငယ်ရွယ်ကာ ကြည့်ကောင်းပြီး ညို့ဓါတ်အပြည့်နဲ့ ခပ်ဩဩအသံကို ကြားရချိန်မှာတော့ အတန်းက အချင်းချင်းတီးတိုးသံတွေနဲ့ ပြန်ပြီး ဆူညံသွားပြန်တယ်။ အထူးသဖြင့် မိန်းကလေးတွေ အကဲပိုစွာ အော်ဟစ်နေသံတွေ ...

နောက်တချိန်ကျမှ စာသင်ချိန်ဖြစ်လို့ ဆရာနှစ်ယောက်ပြန်ထွက်သွားချိန်မှာတော့ အတန်းက ဆူညံပြီး ကျန်ခဲ့ပြန်တယ်

စပ်စုတတ်သော မိန်းကလေးတချို့ရဲ့ အပြောအရ ခုနက ဆရာဟာ ဒီကျောင်းရဲ့ အသက်ငယ်ဆုံး ဆရာတောင် ဖြစ်နိုင်တယ်ဆိုတာပဲ။

ရှောင်ဖင်းကတော့ သိပ်စိတ်မဝင်စားလေဟန်ဖြင့် သူ့ရဲ့ ဖတ်လက်စ စာအုပ်ထဲသာ ပြန်အာရုံစိုက်လိုက်သည်။

နောက်တချိန်ရောက်တော့ စောစောက ဆရာ ရှင်းယန်ပြန်ရောက်လာကာ စာစသင်တော့သည်။ ရုပ်ရည်တင်ကြည့်ကောင်းရုံမဟုတ်၊ အပြောအဆို အသင်အပြများကလည်း ကျောင်းသားတွေ စိတ်ဝင်စားလာအောင် ပို့ချနိုင်စွမ်းရှိလေသည်။ အသက်ကြီးကြီး အပေါက်ဆိုးဆိုး ဆရာတွေနဲ့ သင်ရတာထက် ကျောင်းသားတွေက ဒီဆရာနဲ့ပဲ အချိန်ပြည့်သင်ချင် ကြတော့သည်။

My Favourite Person 🖤Where stories live. Discover now